အနူတင်ကို ဝန်ကြီးချုပ် အဖြစ် ပြည်သူ့ပါတီ ထောက်ခံမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။
လက်ရှိ အကြီးဆုံး ပါတီဖြစ်တဲ့ ပြည်သူ့ပါတီခေါင်းဆောင် Nattthaphong Ruengpanyawut (နတ်ထာဖုန် လွမ်ပန်ယာဝတ်) က Bhumjaithai Party ခေါင်းဆောင် အနူးတင် ချန်ဝိရာကူး (Anutin Charnvirakul) ကို ဝန်ကြီးချုပ် အသစ် အဖြစ် ထောက်ခံမည်ဟု ယနေ့မနက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေထုန်ထန် ရှီနာဝပ်ကို တရားရုံးက ရာထူးက ဖယ်ရှားပြီး နောက်တွင် ထိုင်းနိုင်ငံသည် ဝန်ကြီးချုပ် အသစ် ရွေးချယ်ရည့် အခြေအနေကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။
အိမ်စောင့်အစိုးရ အဖြစ်တာဝန်ယူနေသော လက်ရှိ အာဏာရ Pheu Thai Party ကတော့ လွှတ်တော်ကို ဖျက်သိမ်းရန် ဘုရင့်ထံသို့ ခွင့်ပြုချက်တောင်းခံလွှာ ပေးပို့ထားသည်။
ပြည်သူ့ ပါတီ က Anutin ကို ဝန်ကြီးချုပ် အဖြစ် ထောက်ခံရာတွင် သတ်မှတ်ချက်များ ပါဝင်သည်ဟု ပြောဆိုလိုက်ပြီး Anutin က အဆိုပါ သတ်မှတ်ချက်များကို သူ့အနေနှင့် လက်ခံနိုင်သည်ဟု သီးခြား မေးမြန်းမှု တစ်ခုတွင် ဖြေကြားခဲ့သည်။
အဆိုပါ သတ်မှတ်ချက်မှာ အစိုးရသစ် ဖွဲ့စည်းပြီး လေးလ အကြာတွင် ဝန်ကြီးချုပ် သစ်အနေဖြင့် အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုထားခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အတွက် ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပရန် လိုအပ်ပါက ရွေးကောက်ပွဲ မတိုင်ခင် ကျင်းပရန် ပြည်သူ့ပါတီက သဘောထား ပေးထားသည်။
ထိုင်းစစ်တပ်က အာဏာသိမ်းမည် မဟုတ်ပဲ ဝန်ကြီးချုပ်သစ် ရွေးချယ်သည့် ကိစ္စမှာ ဘေးတွင် နေမည်ဟု ပြောသည်။