အိန္ဒိယ ဝန်ကြီးချုပ်က သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဖုန်းကို ပြန်ကိုင်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။ 

ဖုန်းဖြေဆိုရန် အကြိမ်ကြိမ် ငြင်းဆိုခဲ့သည့် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ က သူ၏ မွေးနေ့ ဖြစ်သော စက်တင်ဘာ ၁၇ ရက်နေ့တွင် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်၏ ဖုန်းခေါ်ဆိုမှုကို ပြန်လည် ဖြေဆိုခဲ့သည်။ 

သမ္မတ ဒေါ်နယ် ထရန့်က အိန္ဒိယ ဝန်ကြီးချုပ်နှင့် စကားပြောရန် ကြိုးစားနေခဲ့သည်မှာ လနှင့် ချီခဲ့ပြီ ဖြစ်သည်။ ဝန်ကြီးချုပ် မိုဒီက ဖုန်းခေါ်ဆိုမှုများကို အကြိမ်ကြိမ် မတုန့်ပြန်ပဲ ထားခဲ့ခြင်း ဖြစ်သည်။ 

သမ္မတ ထရန့်က သူ့ရဲ့ လူမှု ကွန်ရက် Truth အကောင့်တွင် ဝန်ကြီးချုပ် မိုဒီကို မွေးနေ့ နှုတ်ဆက်ခဲ့ကြောင်းနှင့် ဝန်ကြီးချုပ်မိုဒီသည် အလွန်ကောင်းမွန်သော အလုပ်များ လုပ်ဆောင်နေသည်ဟု ရေးသားထားသည်။ 

အမေရိကန် သမ္မတနှင့် အိန္ဒိယ ဝန်ကြီးချုပ်တို့ နှစ်ဦး အကြား ဇွန် ၁၇ ရက် ဖုန်းခေါ်ဆိုမှုနောက်ပိုင်းတွင် စကားမပြောခဲ့ ကြတော့ခြင်း ဖြစ်သည်။ 

ဝန်ကြီးချုပ် မိုဒီကလည်း သူ၏ X လူမှုကွန်ရက် အကောင့်တွင် မိတ်ဆွေကြီး သမ္မတ ထရန့်၏ ဖုန်းခေါ်ဆိုမှုနှင့် မွေးနေ့ ဆုတောင်းပေးသည့် အတွက် ကျေးဇူးတင်ကြောင်းနှင့် အမေရိကန်နဲ့ အိန္ဒိယ ဆက်ဆံရေးကို တိုးမြှင့်မှု အသစ်များဆီသို့ သွားရန် ကတိပြုပါသည်ဟု ဖော်ပြထားသည်။ 

အမေရိကန်က အိန္ဒိယပို့ကုန်များ အပေါ် ၅၀% အခွန်ကောက်ခံရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီးသည့် အချိန်မှစ၍ အမေရိကန် နှင့် အိန္ဒိယ ကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယအနေဖြင့် ရုရှားနိင်ငံမှ ရေနံများ ဝယ်ယူနေသဖြင့် ယူကရိန်း စစ်ပွဲအား အားပေးသလို ဖြစ်တာကြောင့်ဟု ဆိုကာ တယ်ဆိုပြီး အမေရိကန်က အခွန်တိုးကောက်ခဲ့ခြင်း ဖြစ်သည်။ 

ဖုန်းခေါ်ဆိုမှုနှင့် ပတ်သက်၍ ပြောဆိုကြရာမှာ ရုရှား ထံမှ ရေနံ ဝယ်ယူသည့် ကိစ္စနှင့် ပတ်သက်၍ ညွှန်းဆိုခဲ့ခြင်း မရှိပါ။ 

ဝန်ကြီးချုပ် မိုဒီ၏ မွေးနေ့မှာပင် ရုရှားသမ္မတ ဗလာတီမာ ပူတင်ကလည်း တယ်လီဖုန်းနှင့် ဆက်သွယ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ယူကရိန်းနှင့် ဆက်စပ်သည့် အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု ကရင်မလင် နန်းတော်က ထုတ်ပြန်ထားသည်။