တရုတ်နိုင်ငံတွင် ခွေးစက်ရုပ်များ ကင်းလှည့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။
AI နည်းပညာ မြင့်မားလာသည်နှင့် အမျှ AI နည်းပညာသုံး စက်ရုပ်များကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြသည်။
အထူးသဖြင့် တရုတ် နိုင်ငံသည် စက်ရုပ် ခွေးများကို အသုံးပြုလာနေသည်။
စက်တင်ဘာလ ၂၉ ရက်တွင် တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် စက်ရုပ်ခွေးများကို ကင်းလှည့်ရန်အတွက် တာဝန်ချထားခဲ့သည့် သတင်းများ ထုတ်ပြန်ထားသည်။
ရှန်ဟိုင်းမြို့ Baoshan ရပ်ကွက်ထဲတွင် စက်ရုပ်ခွေးများကို ကင်းလှည့်ရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
စက်ရုပ်ခွေးများက ထမ်းဆောင်ရသည့် တာဝန်များမှာ ကားမရပ်ရနေရာများတွင် ရပ်ထားသည့် ကားများကို ရှာဖွေရန်နှင့် အမှိုက်မပစ်ရ နေရာများတွင် အမှိုက်ပစ်ခြင်းရှိမရှိတို့ကို စောင့်ကြည့်ရခြင်း ဖြစ်သည်။
တရုတ်နိုင်ငံတွင် Unitree နှင့် Deep Robotics ဟု ခေါ်သော ခွေးစက်ရုပ်ထုတ်လုပ်သည့် ကုမ္ပဏီကြီး နှစ်ခု အပြိုင် ရှိနေပြီး ကြမ်းတမ်းခက်ခဲသည့် နေရာများတွင် အလုပ်လုပ်ရန် စမ်းသပ် ထုတ်လုပ်နေကြသည်။
စက်ရုံများ၊ သတ္တုတွင်းများနှင့် လုံခြုံရေး လုပ်ငန်းခွင်များတွင် ကင်းလှည့်ရန်နှင့် စစ်ဆေးရေး လုပ်ငန်းများအတွက် အသုံးပြုကြသည်။
အဆိုပါ စက်ရုပ်ခွေးများက အဆောက်အအုံများပေါ် တက်နိုင်ကြသည်၊ လှေကားများကို တက်နိုင်သည်၊ ချောမွတ်သည့် မျက်နှာပြင်များတွင် လမ်းလျောက်နိုင်ပြီး တည်ငြိမ်ခက်ခဲသည့် လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ကြသည်ဟု ဆိုသည်။