Gen- Z လှုပ်ရှားမှု မဒါဂတ်စကာတွင် အစိုးရ ပြုတ်ကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်။ 

Gen- Z ခေါ် လူငယ်မျိုးဆက်သစ်လူငယ်များ ဦးဆောင်သည့် တော်လှန်လှုပ်ရှားမှုများ ယခု နှစ်အတွင်း ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ 

နီပေါနှင့် ကင်ညာနိုင်ငံများတွင် ဂျန်ဇီ များ၏ ဆန္ဒ ပြပွဲများ အောင်မြင်မှုအချို့ ရရှိပြီးနောက် အခုအခါ မဒါဂါစကာ (Madagascar) ဟု ခေါ်သော ကျွန်းနိုင်ငံ တစ်ခုတွင်လည်း Gen- Z ဦးဆောင်သည့် ဆန္ဒပြပွဲ ဖြစ်ပွားလျက်ရှိသည်။ 

မဒါဂါစကာ နိုင်ငံမှာ အာဖရိက တိုက်၏ ကမ်းလွန်ပင်လယ်ပြင် နှင့် အိန္ဒိယ သမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံလေး ဖြစ်သည်။ ကမ္ဘာပေါ်ရှိ စတုတ္တ အကြီးဆုံး ကျွန်းပေါ်တွင် ရှိသော နိုင်ငံ ဖြစ်သည်။ 

မဒါဂါစကာတွင် ရေနှင့် မီး ပြတ်လပ်မှုများ အကြိးအကျယ် ဖြစ်ပြီးသည့် နောက်တွင် Gen-Z များ ဦးဆောင်သည့် ဆန္ဒပြပွဲ ကြီး ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

ဆန္ဒ ပြပွဲ သုံးရက်မြောက်သည့် နေ့တွင် သမ္မတက ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရ အဖွဲ့ကို ဖျက်သိမ်း ပေးလိုက်ရသည်။ 

ကုလသမဂ္ဂ အဖွဲ့အစည်းများ အဆိုအရ  ဆန္ဒ ပြသူများဘက်မှလည်း အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ရသည်။ 

သမ္မတ Andry Rajoelina က ဆန္ဒ ပြသူများအား နားလည်သည်ဟု ပြောလိုက်ပြီး ဆန္ဒပြ လူငယ်များနှင့်  တွေ့ဆုံ ဆွေးနွေးရန် နေရာ တစ်ခု ဖန်တီးမည်ဟု ဆိုသည်။ ဆန္ဒ ပြမှုများအတွင်း ဖြစ်ပွားခဲ့သည့် လုယက်မှုများကြောင့် ပျက်စီး ဆုံးရှုံးခဲ့မှုများကိုလည်း ပြန်လျှော်ပေးမည်ဟု ဆိုသည်။ 

ဆန္ဒ ပြပွဲများကို ရဲများက မျက်ရည်ယို ဗုံးများ ရော်ဘာကျည်များ သုံးပြီး ဖြိုခွဲခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရသွားခဲ့သည်။