အမေရိကန် အစိုးရ ရပ်ဆိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။
လွှတ်တော်တွင် ဘတ်ဂျက်ဆိုင်ရာ သဘောတူညီချက် မရသောကြောင့် ၂၀၁၉ နောက်ပိုင်း ပထမဆုံး အကြိမ်အ ဖြစ် အမေရိကန် အစိုးရ လုပ်ငန်းများ စက်တင်ဘာ ၃၀ ရက် အင်္ဂါနေ့ည ညသန်းခေါင် အချိန်က ရပ်ဆိုင်းသွားခဲ့သည်။
လွှတ်တော်တွင် အဓိက ရှေ့မတိုးနောက်မဆုတ် ညှိနှိုင်း၍ မရ ဖြစ်ရသည့် ကိစ္စရပ်များတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ဘတ်ဂျက် သတ်မှတ်ရေး လည်း ပါဝင်သည်။
အမေရိကန် နိုင်ငံတွင် အစိုးရ ဘတ်ဂျက်အပေါ် လွှတ်တော်အတွင်း သဘောတူညီချက် မရသဖြင့် ဆက်သုံး၍ မရတော့ပဲ အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။
ထိုသို့ ရပ်ဆိုင်းသွားခြင်းဖြင့် အမေရိကန် အစိုးရ၏ ဝန်ဆောင်မှု လုပ်ငန်းအချို့ ယာယီ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး သိန်းနှင့် ချီသည့် အစိုးရ ဝန်ထမ်းများ၏ လစာကို ဆိုင်းငံ့ခံထားရမည် ဖြစ်သည်။
လွှတ်တော် ဘတ်ဂျက် ရုံး၏ ခန့်မှန်းချက်အရ ဖက်ဒရယ် အလုပ်သမား ၇ သိန်း ခွဲခန့် နေ့စဉ် လုပ်အားခ မရပဲ ရှိနေမည်ဖြစ်သည်။ လွှတ်တော်တွင် ဘတ်ဂျက် ကိစ္စ ပြေလည်သွားမှသာ ဆိုင်းငံ့ထားသည့် လုပ်အားခများအား ပြန်လည် ရရှိမည် ဖြစ်သည်။
၂၀၁၈-၂၀၁၉ ခုနှစ် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ပထမ အကြိမ် သမ္မတ သက်တမ်းအတွင်း အမေရိကန်မှာ အစိုးရ ရပ်ဆိုင်းမှုဖြစ်ပွားခဲ့ပြီး ထိုစဉ်က ရက်ပေါင်း ၃၅ ရက် ကြာမြင့်ခဲ့သည်။