ဒဏ်ရာရ ကျားသစ်ကို မြစ်ရေထဲမှာ ကယ်ဆယ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။ 

ဘရာဇီးနိုင်ငံ ရီယို နီဂရို (Rio Negro) က ကျယ်ပြောတဲ့ မြစ်ရေပြင်ထဲမှာ ကျားသစ် တစ်ကောင်ဟာ အသက် လုပြီး ကူးခေတ်နေတာကို အမေဇုံ စစ်တပ်ရဲအရာရှိတွေက တွေ့ပြီး ကယ်ဆယ်ခဲ့ကြပါတယ်။ 

ဒီကယ်တင်တဲ့ အဖြစ်အပျက်ကိုတော့ Netflare (နက်ဖလဲ) က ဗီဒီယို မှတ်တမ်း တင်ထားခဲ့ပါတယ်။ ကျားသစ်ဟာ စစ်ရဲတွေရဲ့ မော်တော်ဘုတ် ရောက်လာတဲ့အခါ လှေဆီကို သတိကြီးကြီးနဲ့ ကူးခတ်လာခဲ့ပါတယ်။ လှေပေါ်မှာ ရှိတဲ့ ရဲတွေက အရေးပေါ်လုပ်ထားတဲ့ ရေပေါ်ပေါ်တဲ့ ချပ်ပြားတစ်ခုကို ရေထဲကို ချထားပေးပါတယ်။ 

ကျားသစ်ဟာ တောရိုင်းတိရစ္ဆာန်ဖြစ်ပေမယ့် လှေနားကို ကပ်လာပြီး ချပေးထားတဲ့ ချပ်ပြားလေးကို တွယ်ပြီး လိုက်လာခဲ့ပါတယ်။ 

ကျားသစ် က ရေပေါ်ချပ်ပြားပေါ်မှာ တည်တည်ငြိမ်ငြိမ်ရှိလာတဲ့ အခါ ခြေကုန်လက်ပန်းကျနေတဲ့ ကျားသစ်ကို ကမ်းရှိရာကို အသာအယာ ဆွဲခေါ်လာခဲ့ကြရပါတယ်။ 

ကမ်းပေါ်မှာတော့ တိရစ္ဆာန် ကယ်ဆယ်ရေးအဖွဲ့တွေက အသင့်စောင့်နေကြပြီး ကျားသစ်လေးကို ကယ်တင်ခဲ့ပါတယ်။ 

တိရစ္ဆာန် ဆရာဝန်တွေရဲ့ အဆိုအရ ကျားသစ်မှာ သေနတ်ဒဏ်ရာတွေ အများအပြား ရှိနေပြီး ကျည်စ အများအပြားလည်း အရေပြားအောက်မှာ ရှိနေပါတယ်။ 

ကမ်းပေါ်မှာတော့ သူ့ကို အထူးကြပ်မတ်ကုသမှု လုပ်ထားပြီး ဆရာဝန်တွေက စောင့်ကြည့် ပေးထားပါတယ်။ 

အခြေအနေတည်ငြိမ်လာနေပြီး ကျားသစ်လေး ရဲ့ ကျန်းမာရေး စိတ်ချရတဲ့ အခါ တောရိုင်းထဲကို ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။ 

သေနတ်ဒဏ်ရာ တွေဟာ ဘယ်သူ့ လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ အရာရှိတွေက ထုတ်ပြောတာ မရှိပါဘူး။