ထိုင်းနိုင်ငံရေးနှင့် ဝန်ကြီးချုပ် နုတ်ထွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။ 

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ အနုတင် (Anutin) သည် ၎င်း၏ ရာထူးမှ နုတ်ထွက်ကာ လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲအသစ် ကျင်းပမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ယမန်နေ့ညက ကြေညာခဲ့သည်။

ဤကြေညာချက်သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေး တင်းမာမှုများ ပြန်လည်ဖြစ်ပွားနေခြင်းနှင့် နိုင်ငံတောင်ပိုင်း ရေကြီးရေလျှံမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ဝေဖန်မှုများ ခံနေရသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် မစ္စတာ အနုတင်သည် နှစ်နှစ်တာကာလအတွင်း တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာသူဖြစ်သည်။ 

၎င်းအာဏာရရှိခဲ့သည့် စက်တင်ဘာလတွင် ဇန်နဝါရီလကုန်ပိုင်း၌ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု ကတိပြုခဲ့ဖူးရာ၊ ယခုအခါ ကတိပေးခဲ့သည့်အချိန်ထက် တစ်လစော၍ နုတ်ထွက်ခြင်း ဖြစ်သည်။ 

မစ္စတာ အနုတင်၏ ကြေညာချက်အရ နှစ်လအတွင်း ရွေးကောက်ပွဲအသစ်များကို ကျင်းပသွားမည်ဖြစ်သည်။