ရုရှား၏ “အရိပ်သင်္ဘောအုပ်စု” (Shadow Fleet) မှ ဆီတင်သင်္ဘောတစ်စီးကို ပြင်သစ်ရေတပ် ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။ 

နိုင်ငံတကာပိတ်ဆို့မှုများကို ရှောင်တိမ်း၍ ရုရှားရေနံများ တင်ဆောင်လာသည်ဟု ယူဆရသည့် “Grinch” အမည်ရှိ ဆီတင်သင်္ဘောတစ်စီးကို ပြင်သစ်ရေတပ်က မြေထဲပင်လယ်အတွင်း စီးနင်းဖမ်းဆီးလိုက်သည်။

ဇန္နဝါရီ ၂၂ ကြာသပတေးနေ့ နံနက်ပိုင်းတွင် စပိန်နှင့် မော်ရိုကိုနိုင်ငံကြား ရေပြင်၌ ဗြိတိန်အပါအဝင် မဟာမိတ်များ၏ အကူအညီဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်္ဘောသည် ကိုမိုရိုစ် (Comoros) နိုင်ငံအလံကို အလံအတုအဖြစ် လွှင့်ထူကာ သွားလာနေခြင်းဖြစ်သည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်း စစ်ပွဲရန်ပုံငွေအတွက် ပိုင်ရှင်အမည်မပေါ်သော သို့မဟုတ် အာမခံမရှိသော သင်္ဘောဟောင်းများကို အသုံးပြု၍ “Shadow Fleet” (အရိပ်သင်္ဘောအုပ်စု) ဖြင့် လျှို့ဝှက်ရေနံတင်ပို့နေခြင်း ဖြစ်သည်။ 

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယခုဖမ်းဆီးမှုကို ကြိုဆိုခဲ့ပြီး ရုရှား၏ စစ်ပွဲရန်ပုံငွေ ရရှိနိုင်မည့် လမ်းကြောင်းများကို ယခုထက်ပို၍ ပြတ်သားစွာ ပိတ်ဆို့အရေးယူရန် တိုက်တွန်းခဲ့ပါသည်။