ထိုင်ဝမ်၏ ကိုယ်ပိုင်ဒီဇိုင်းထုတ် ရေငုပ်သင်္ဘော နားဝဲလ်ရေအောက်စမ်းသပ်မှု အောင်မြင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၃၀။ 

ထိုင်ဝမ်နိုင်ငံသည် ၎င်းတို့ကိုယ်တိုင် ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားသည့် ပထမဆုံးသော ရေငုပ်သင်္ဘော ‘နားဝဲလ်’ (Narwhal) ကို ဇန်နဝါရီလ ၂၉ ရက်နေ့က ကော့ရှောင် (Kaohsiung) ဆိပ်ကမ်းအနီးတွင် ပထမဆုံးအကြိမ် ရေအောက်စမ်းသပ် မောင်းနှင်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

ဤရေငုပ်သင်္ဘောသည် တရုတ်နိုင်ငံ၏ ရေကြောင်းခြိမ်းခြောက်မှုများကို ဟန့်တားရန်နှင့် ‘မမျှတသည့် စစ်ဆင်ရေး’ (Asymmetric Warfare) အတွက် အရေးပါသည့် မှတ်တိုင်တစ်ခု ဖြစ်သည်။

အမေရိကန်နှင့် ဗြိတိန်တို့၏ နည်းပညာအကူအညီဖြင့် တည်ဆောက်ထားသော ဤရေငုပ်သင်္ဘောတွင် အမေရိကန်ထုတ် တိုပီဒိုဒုံးကျည်များ တပ်ဆင်ထားပြီး၊ နောင်တွင် ဝေဟင်ပစ်ဒုံးကျည်များပါ တပ်ဆင်ရန် စီစဉ်ထားသည်။ 

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၄၀ ဘီလီယံအထိ တိုးမြှင့်သုံးစွဲမည်ဟုလည်း ကြေညာထားသည်။