ထိုင်းနိုင်ငံတွင်အနုတင် ဒုတိယ အစိုးရ” ဖွဲ့စည်းရန် ပြင်ဆင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။ 

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အနုတင် ချန်ဝီရကူးလ် ဦးဆောင်သည့် ဘွန်ဂျိုင်ထိုင်းပါတီသည် နိုင်ငံရေးပါတီ ၁၄ ခုနှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့ပြီး လွှတ်တော်အမတ်နေရာ ၂၉၅ နေရာဖြင့် အစိုးရဖွဲ့ရန် သေချာသွားပြီဖြစ်သည်။ 

ယင်းအစိုးရအဖွဲ့ကို “အနုတင် ဒုတိယအစိုးရအဖွဲ့” (Anutin Cabinet II) ဟု အမည်ပေးထားသည်။

အမတ်နေရာ ၅၈ နေရာ ရရှိထားသည့် ကလာသမ်ပါတီမှာမူ အရေးကြီးသော ဝန်ကြီးဌာနနေရာများကို အတင်းအကျပ် တောင်းဆိုခဲ့သဖြင့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ထည့်သွင်းခြင်းမခံရပေ။ 

အဆိုပါ ညွန့်ပေါင်းအစိုးရတွင် ဘွန်ဂျိုင်ထိုင်းပါတီ (၁၉၃ နေရာ) နှင့် ဖွေထိုင်းပါတီ (၇၄ နေရာ) တို့မှာ အဓိကပါတီကြီးများအဖြစ် ပါဝင်မည်ဖြစ်သည်။ 

ဝန်ကြီးနေရာ တစ်နေရာလျှင် အမတ် ၈ ဦးနှုန်းဖြင့် အချိုးကျခွဲဝေရန် လျာထားပြီး၊ ဖွေထိုင်းပါတီအနေဖြင့် စိုက်ပျိုးရေး၊ ပညာရေးနှင့် အလုပ်သမားဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၅ ခု ရရှိဖွယ်ရှိသည်။ 

အစိုးရသစ်သည် စီးပွားရေးပြဿနာများကို အဓိကကိုင်တွယ်ရန် ပြင်ဆင်နေပြီး အရေးကြီးသော ဝန်ကြီးနေရာများတွင် ပညာရှင်အဆင့်ရှိသူများကို ခန့်အပ်ရန် လျာထားသည်။ 

အတိုက်အခံအဖြစ် ပြည်သူ့ပါတီနှင့် ဒီမိုကရက်ပါတီတို့က ရပ်တည်သွားမည် ဖြစ်သည်။