တရုတ်က ဂျပန်ကုမ္ပဏီ ၂၀ ကို အမည်ပျက်စာရင်းသွင်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်။ ဖေဖော်ဝါရီလ ၂၅ ရက်။ 

ဂျပန်နိုင်ငံ၏ စစ်ရေးတိုးချဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်စီးပွားရေးဝန်ကြီးဌာနက ဂျပန်ကုမ္ပဏီနှင့် အဖွဲ့အစည်း ၂၀ ကို အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်သည်။ 

ယင်းစာရင်းတွင် Mitsubishi၊ IHI ကော်ပိုရေးရှင်း၊ ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီနှင့် ဂျပန်အာကာသအေဂျင်စီ (JAXA) တို့ ပါဝင်သည်။ 

အဆိုပါအဖွဲ့အစည်းများသို့ စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ (Dual-use items) တင်ပို့မှုကို တရုတ်အစိုးရက တားမြစ်လိုက်ပြီး၊ Subaru နှင့် ENEOS အပါအဝင် အခြားကုမ္ပဏီ ၂၀ ကိုလည်း စောင့်ကြည့်စာရင်း (Watch list) ထဲသို့ ထည့်သွင်းခဲ့သည်။

ယခုလုပ်ရပ်ကြောင့် ဂျပန်ကုမ္ပဏီကြီးအချို့၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းသွားခဲ့သည်။ 

အထူးသဖြင့် လက်နက်နှင့် လျှပ်စစ်ကားထုတ်လုပ်မှုတွင် အရေးပါသော “မြေရှားသတ္တု” (Rare-earth elements) များ တင်ပို့မှု ကန့်သတ်ခံရနိုင်ခြင်းကြောင့် နည်းပညာကဏ္ဍတွင် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း သုံးသပ်ကြသည်။ 

ဂျပန်အစိုးရကမူ ယင်းသည် နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့် ကွဲလွဲနေကြောင်း တရုတ်သံရုံးသို့ ကန့်ကွက်လွှာ ပေးပို့ထားသည်။