တော်ဝင်ခွေးလေး “MI-6” နှင့် ၄၅ ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။  

ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသော ၄၅ ကြိမ်မြောက် Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုတွင် ထိုင်းမင်းသမီး Sirivannavari ၏ တော်ဝင်အလုပ်အကျွေးပြုခွေး “MI-6” သည် ရှာဖွေကယ်ဆယ်ရေးကဏ္ဍ၌ ထူးချွန်စွာ ပါဝင်လေ့ကျင့်ခဲ့သည်။ 

ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်သော ဆူနာမီဘေးအန္တရာယ် ပုံတူကယ်ဆယ်ရေးလေ့ကျင့်ခန်းတွင် MI-6 သည် အပျက်အစီးများကြား ပိတ်မိနေသူများကို စနစ်တကျ ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့သည်။

ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၃၀ မှ စစ်သည်အင်အား ၈,၀၀၀ ကျော် ပါဝင်ပြီး ကုန်း၊ ရေ၊ လေ အပြင် ဆိုက်ဘာနှင့် အာကာသလုံခြုံရေးကိုပါ အထူးပြုလေ့ကျင့်နေခြင်း ဖြစ်သည်။ 

အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံကိုမူ ဖိတ်ကြားခြင်း မရှိခဲ့ပါ။