ထိုင်ဝမ် ဝန်ကြီးချုပ် ဂျပန် ခရီးစဉ် တရုတ်ကန့်ကွက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်။
ထိုင်ဝမ်ဝန်ကြီးချုပ် ချိုဂျောင်တိုင် (Cho Jung-tai) ၏ ဂျပန်နိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ တရုတ်အစိုးရက ပြင်းထန်စွာ ကန့်ကွက်နေကြောင်း Jiji Press သတင်းဌာနက ထုတ်ပြန်သည်။
တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆန်ဝေတုံး (Sun Weidong) သည် တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးထံသို့ စနေနေ့ညပိုင်းက ဖုန်းဖြင့် ဆက်သွယ်ကန့်ကွက်ခဲ့သလို၊ တိုကျိုမြို့ရှိ တရုတ်သံရုံးကလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တရားဝင် ကန့်ကွက်လွှာ ပေးပို့ခဲ့သည်။
ထိုင်ဝမ်ဝန်ကြီးချုပ်သည် စနေနေ့က တိုကျိုဒုန်း (Tokyo Dome) ကွင်း၌ ကျင်းပသည့် ထိုင်ဝမ်နှင့် ချက်သမ္မတနိုင်ငံတို့၏ ဘေ့စ်ဘောပြိုင်ပွဲကို သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။
ယင်းခရီးစဉ်မှာ ၁၉၇၂ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံသို့ သွားရောက်သည့် ပထမဆုံးသော လက်ရှိတာဝန်ထမ်းဆောင်ဆဲ ထိုင်ဝမ်ဝန်ကြီးချုပ်၏ ခရီးစဉ်ဖြစ်သည်။
ဂျပန်နိုင်ငံဘက်ကမူ ၎င်းမှာ ဝန်ကြီးချုပ်၏ ပုဂ္ဂိုလ်ရေးခရီးစဉ်သာဖြစ်သဖြင့် မှတ်ချက်ပေးရန် မရှိကြောင်း တုံ့ပြန်ထားသည်။