တရုတ် ဆူပါ ကွန်ပြူတာ ဟက်ခံရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်။ 

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ရှိ အမျိုးသားစူပါကွန်ပျူတာစင်တာ (NSCC) မှ အရေးကြီး အချက်အလက်များ ခိုးယူခံခဲ့ရကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ 

“FlamingChina” (တရုတ်မီးလျှံ) ဟု အမည်ပေးထားသည့် ဟက်ကာအဖွဲ့သည် ဒေတာပမာဏ ၁၀ ပက်တာဗိုက် (10 Petabytes) အထိ ဖောက်ထွင်းခိုးယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် တရုတ်နိုင်ငံသမိုင်းတွင် အကြီးမားဆုံးသော ဒေတာခိုးယူမှုအဖြစ် သတ်မှတ်ခံထားရသည်။

10 ပက်တာဗိုက်ဆိုသည်မှာ လက်ပ်တော့ ကွန်ပြူတာ ၁ သောင်းခန့် ( ဂျီဂါဗိုက် ၁၀ သန်း) ခန့် အချက်အလက်များ ဖြစ်သည်။ 

ခိုးယူခံရသည့် အချက်အလက်များထဲတွင် နိုင်ငံတော်ကာကွယ်ရေး လျှို့ဝှက်စာတမ်းများ၊ ဒုံးကျည်ပုံစံငယ် ဒီဇိုင်းများ၊ လေကြောင်းနည်းပညာနှင့် နျူကလီးယားသုတေသနဆိုင်ရာ အချက်အလက်များ ပါဝင်နေသည်။ 

ဟက်ကာအဖွဲ့သည် ကုမ္ပဏီများအသုံးပြုသည့် VPN မှတစ်ဆင့် စိမ့်ဝင်ခဲ့ပြီး ၆ လတာကာလအတွင်း အချက်အလက်များကို တဖြည်းဖြည်းချင်း ခိုးယူခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် အဆိုပါဒေတာများကို Telegram မှတစ်ဆင့် နမူနာထုတ်ပြ၍ ခရစ်ပတို (Crypto) ငွေကြေးဖြင့် ရောင်းချရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ 

ဆိုင်ဘာလုံခြုံရေးကျွမ်းကျင်သူများက အဆိုပါဒေတာများမှာ စစ်မှန်ကြောင်း အတည်ပြုထားသည်။