ကင်ဂျုံအွန် မသေကြောင်း မြောက်ကိုရီးယားက ဓါတ်ပုံများ ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ကွယ်လွန်သွားပြီဆိုသည့် သတင်းမှားများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ကင်ဂျုံအွန်၏ လတ်တလော လှုပ်ရှားမှု ဓာတ်ပုံများကို ထုတ်ပြန်လိုက်သည်။
မကြာသေးမီက အမေရိကန်အခြေစိုက် တရုတ်အတိုက်အခံတစ်ဦး၏ လူမှုကွန်ရက် ပို့စ်တစ်ခုမှတစ်ဆင့် ကင်ဂျုံအွန်သည် ဦးနှောက်သွေးယိုစီးမှုကြောင့် သတိလစ်မေ့မြောက်သွားပြီး ပေကျင်းမြို့သို့ အရေးပေါ် ပို့ဆောင်စဉ် ကွယ်လွန်သွားခဲ့သည်ဟု ခိုင်လုံသော အထောက်အထားမရှိသည့် သတင်းများ စတင်ထွက်ပေါ်ခဲ့ကာ အချို့သော နိုင်ငံတကာသတင်းဌာနများက ပါ ကိုးကားဖော်ပြခဲ့ကြသည်။
ယင်းနောက် မြောက်ကိုရီးယား တရားဝင် သတင်းဌာန (KCNA) က ခေါင်းဆောင် ကင်ဂျုံအွန်သည် သမီးဖြစ်သူ ဂျူအေး (Ju-ae) နှင့်အတူ အထည်အလိပ်နှင့် ခြေနင်း အဝတ်အထည် ပြပွဲတစ်ခုသို့ သွားရောက်ကြည့်ရှုနေသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံများတွင် ကင်ဂျုံအွန်သည် ကလေးစီး ဖိနပ်များနှင့် အမျိုးသမီး ဝတ်ရုံများကို စိတ်အားထက်သန်စွာ ကြည့်ရှုစစ်ဆေးနေပြီး တာဝန်ရှိသူများကို လက်အမူအရာဖြင့် တက်ကြွစွာ ညွှန်ကြားပြောဆိုနေသည်ကို ဖော်ပြထားကာ ကမ္ဘာတဝှမ်း သံသယများကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။