မြောက်ကိုရီးယားခေါင်းဆောင် သမ္မတဒေါ်နယ်ထရန့်နှင့် တွေ့ဆုံနိုင်ဖွယ်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းသည် တရုတ်နယ်စပ်အနီးရှိ ဆမ်ဂျီယွန်း (Samjiyon) ခရီးသွားဇုန်နှင့် နှင်းလျှောစီး အပန်းဖြေစခန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို သမီးဖြစ်သူ ကင်မ်ဂျူအဲနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
တနင်္ဂနွေနှင့် တနင်္လာနေ့တို့က သွားရောက်ခဲ့သည့် ယင်းခရီးစဉ်အတွင်း ကင်မ်ဂျုံအွန်းသည် လေဆိပ်ပြန်လည် တည်ဆောက်ရေး၊ ခရီးသွားလုပ်ငန်း၊ ရထားလမ်းနှင့် ဟိုတယ်များကို လှည့်လည်စစ်ဆေးခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်မ်ဂျုံအွန်း၏ ဆက်ခံသူအဖြစ် လေ့ကျင့်ပေးခံနေရသည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးက ယူဆထားသည့် သမီးဖြစ်သူ ကင်မ်ဂျူအဲ ကိုယ်တိုင် နှင်းလျှောစီးနေသည့် ပုံရိပ်များလည်း ပါဝင်သည်။
ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ ရှန်ကျန်းမြို့၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး ကာလအတွင်း ကင်မ်ဂျုံအွန်းနှင့် တွေ့ဆုံနိုင်ခြေ ရှိကြောင်း သမ္မတ ထရမ့်က ပြောကြားထားသည်။
ကင်မ်ဂျုံအွန်း တက်ရောက်ဖြစ်ပါက ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်လည်း တွေ့ဆုံနိုင်ဖွယ် ရှိနေသည်။