ချင်းမိုင်နှင့် ချင်းရိုင်ရှိ မြေအောက်ရေများတွင် အာဆင်းနစ်များနေကြောင်း တွေ့ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။

စမ်းသပ်စစ်ဆေးချက်များအရ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်တို့ရှိ မြေအောက်ရေ နမူနာများတွင်  အာဆင်းနစ် အဆိပ်ပါဝင်မှု သတ်မှတ်စံနှုန်းထက် ကျော်လွန်နေကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်လိုက်သည်။

ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်တို့အတွင်း ၂၀၂၆ ခုနှစ်အတွင်း စမ်းသပ်စစ်ဆေးခဲ့သည့် မြေအောက်ရေ နမူနာ ၁၃၃ ခုအနက် ၉ ခုတွင် အာဆင်းနစ် (Arsenic) ပါဝင်မှုနှုန်း သတ်မှတ်စံနှုန်းထက် ကျော်လွန်နေကြောင်း ထိုင်းမြေအောက်ရေ အရင်းအမြစ်ဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းအခြေအနေကြောင့် ရပ်ရွာအခြေပြု နေရာ ၁၁ ခုတွင် ရေသန့်စင်စနစ် (Reverse Osmosis) များ တပ်ဆင်ပေးသွားမည်ဖြစ်ပြီး ရေအရည်အသွေးနှင့် အာဆင်းနစ် ပျံ့နှံ့ရွေ့လျားမှုကို စောင့်ကြည့်နိုင်ရန် စမ်းသပ်စောင့်ကြည့်ရေး တွင်းသစ်များကိုလည်း ထပ်မံတူးဖော်သွားရန် စီစဉ်ထားသည်။

ရပ်ရွာလူထုအနေဖြင့် ရေအရည်အသွေးကို စောင့်ကြည့်နိုင်ရန်နှင့် အချိန်မီ သတိပေးချက်များ ထုတ်ပြန်နိုင်ရန်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးရုံးများနှင့် ကျေးရွာကျန်းမာရေး စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။