နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဖွဲ့စည်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့မှာ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။
အဆိုပါ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်က ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေး အာဏာတို့ကို ကျင့်သုံးသွားမည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိ ယာယီသမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်တွင် ဥက္ကဋ္ဌ တာဝန်ပေးထားသည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ယာယီသမ္မတ တာဝန်နှင့် ကော်မရှင် ဥက္ကဋ္ဌ ရာထူးတို့ကို ပူးတွဲ တာဝန်ယူသွားမှာ ဖြစ်သည်။
ကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်ပြီး ဦးညိုစော၊ ဦးအောင်လင်းဒွေး နှင့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၀ ဦးပါဝင်သည်။
အတွင်းရေးမှူးအနေဖြင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တာဝန်ပေးအပ်ထားသည်။
အဆိုပါ တာဝန်များကို ပေးအပ်သူမှာ ယာယီသမ္မတ အဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်သည်။
တချိန်ထဲမှာပင် ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံတော် အာဏာ လွှဲအပ်ထားသည့် အမိန့်ကိုလည်း ရုတ်သိမ်း လိုက်သည်။
ဆိုလိုသည်မှာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ယခု ဖွဲ့စည်းလိုက်သည့် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်က အစိုးရအနေနဲ့ အာဏာသုံးရပ်ကို ကိုင်ပြီး အုပ်ချုပ်သွားမည်ဟု ဖြစ်သည်။
အဖွဲ့ဝင် အယောက် ၃၀ ပါဝင်သည့် အစိုးရ အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော် ဝန်ကြီးချုပ်မှာမူ ယခုဖွဲ့စည်းလိုက်သည့် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်၌ အဖွဲ့ဝင် အဖြစ်ပါဝင်သည့် ဦးညိုစော ဖြစ်သည်။