ဆီးချိုသွေးချိုရောဂါ ပျောက်ကင်းစေမည့် ကုထုံးသစ် အောင်မြင်မှုများရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
ဆီးချိုသွေးချို ရောဂါ ကုထုံးသစ် တစ်ခုကို စမ်းသပ်နေရာတွင် အောင်မြင်မှုများ ရလာနေသောကြောင့် ဆီးချို သွေးချို ရောဂါ ပျောက်ကင်းအောင် ကုသနိုင်မည့် လမ်းစ ပေါ်လာနေပြီဟု ဆိုသည်။
ကုထုံးသစ်မှာ ရိုးတွင်းချဉ်ဆီကုသမှု ဖြစ်သည်။
ဓါတ်ခွဲခန်းက ထုတ်လုပ်ထားသော ရိုးတွင်းချဉ်ဆီများကို ဆီးချိုသွေးချို အမှတ် ၁ အမျိုးအစား (Type 1 Diabetes) ရောဂါသည် အချို့နှင့် စမ်းသပ်ရာတွင် အင်ဆူလင် ဆေးထိုးစရာ မလိုတော့သည် အထိ တိုးတက် မှုများ ရလာနေသည်ဟု ဆိုသည်။
ပြင်းထန်သော Type 1 ဆီးချိုသွေးချို ရောဂါသည် ၁၂ ဦးကို ဓါတ်ခွဲခန်းတွင် ထုတ်လုပ်တဲ့ ရိုးတွင်းချဉ်ဆီမှ လုပ်ထားသည့် ပန်ကရိယဆဲလ်များကို ထိုးသွင်းပေးခဲ့ခြင်း ဖြစ်သည်။
တနှစ်ကြာသည့် အချိန်တွင် ၁၀ ဦးသည် အင်ဆူလင် ဆေးထိုးစရာ မလိုအပ်တော့ကြောင်း နယူး အင်္ဂလန် ဆေးပညာ ဂျာနယ် (New England Journal of Medicine) တွင် ဖော်ပြသည်။
ကျန်နှစ်ဦးမှာ အင်ဆူလင် ထိုးနေရဆဲ ဖြစ်သော်လည်း သွေးထဲရှိ သကြားဓါတ် ထိန်းချုပ်မှု တိုးတက်လာနေ သည်ဟု ဆိုသည်။
သားအိမ်တွင် ရှိသော သားငံရည်က ဆဲလ်များကို အင်ဆူလင် ထုတ်ပေးသည့် ပန်ကရိယက ဆဲလ်များ အဖြစ် ပြောင်းလဲပြီး အသုံးပြုထားခြင်း ဖြစ်သည်။
ပန်ကရိယ ဆဲလ်များကို လူနာ၏ အသည်းထဲသို့ ထိုးပေးခြင်း ဖြစ်သည်။
ထိုဆဲလ်များက အသည်းထဲတွင် ဆက်ရှိနေပြီး အင်ဆူလင်ကို ထုတ်ပေးခြင်း ဖြစ်သည်။