တနင်္လာရီတိုင်း ကုန်စည်အချို့ အဝင်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်။ 

တနင်္သာရီတိုင်းအတွင်းသို့ ဆိုလာနှင့် လျှပ်စစ်ပစ္စည်းအပါ ကုန်ပစ္စည်းအချို့ သယ်ဆောင်ခွင့် ကန့်သတ်လိုက်သည် ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

စစ်ကော်မရှင်မှ ဆိုလာ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း အပါအဝင် ကုန်ပစ္စည်းအချို့အား တိုင်းပြင် ပမှ သယ်ဆောင်ခွင့်ကို ကန့်သတ်လိုက်သည့်အတွက် ပို့ဆောင်မှုများ ရပ်ဆိုင်းလိုက်ရသည်ဟု ကုန်စည် ပို့ဆောင် ရေးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ကန့်သတ်လိုက်တဲ့ ကုန်ပစ္စည်းတွေကတော့ ဆိုလာ၊ ဘက်ထရီ၊ အလှကုန်၊ ဆေးဝါး၊ အမျိုးသမီး လစဥ်သုံးပစ္စည်းတွေ၊ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်း အမျိုး မျိုးနဲ့ စက်သုံးဆီတွေ လုံး၀ ပို့ခွင့်မရှိတော့ဘူး။ ဒါ့အပြင် လက်ကိုင်ဖုန်း၊ ပါဝါဘဏ် (Power Bank)၊ လက်ပတ် နာရီ၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေလည်း ပါသေးတယ် ဟု ပြောသည် ။

ပြည်တွင်း ပါဆယ်ပို့ လုပ်ငန်းများနှင့် အမြန်ချောပို့ လုပ်ငန်းများ အားလုံး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း

များနှင့် တားမြစ် ကန့်သတ်ကုန်ပစ္စည်းများ၊ မပို့ဆောင်ရမည့် နေရာများကို စစ်ကော်မရှင်မှ ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို မလိုက်နာသူများ အားလုံးကို လုပ်ငန်းလိုင်စင် ပိတ်သိမ်း ရပ်ဆိုင်းမည်ဟု ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များကို တရားဝင် ခေါ်ယူပြောဆိုထားခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်းစသည့် မြို့များသို့ Royal Express၊ BeeXprss၊ Ninja Van စသည့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအပြင် ခရီးသည် ယာဥ်လိုင်းများကလည်း ပို့ဆောင်လေ့ ရှိကြ သည်။

စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် ကုန်စည် ပစ္စည်းပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများကို ယခု သီတင်းပတ်အတွင်း၌ ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

စစ်ကော်မရှင်တပ်က တနင်္သာရီတိုင်း အပါအဝင် ပဲခူး၊ မွန်၊ ကရင်၊ ရှမ်း/မြောက်၊ ကယား၊ ချင်း၊ မကွေး၊စစ်ကိုင်း တို့ကို ကုန်ပစ္စည်း ပို့ဆောင်ခွင့်ကို ကန့်သတ်ထားပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ကိုသာ ပို့ဆောင်၍ ရမည် ဖြစ်သည်။

သြဂုတ်လမှ စတင်၍ စစ်ကော်မရှင်တပ်မှ လေဆိပ်နှင့် နယ်စပ်ဂိတ်များမှ ကုန်စည် တင်သွင်းခွင့်နှင့် တစ်ပိုင် တစ်နိုင် ကုန်ပစ္စည်း သယ်ယူလာခွင့်များကိုပါ ကန့်သတ်ထားပြီး ထိုင်းနှင့် ကုန်သွယ်မှုအသစ် တစ်ခုအဖြစ် ရန်ကုန် – ကော့သောင်း – ရနောင်း တို့ကို ကွန်တိန်နာ စနစ်ဖြင့် ပို့ကုန်/သွင်းကုန် လိုင်စင်များကို ယမန်နှစ် ဇွန်လမှ စတင်ကာ တင်သွင်းခွင့် ပြုထားခဲ့သည်။

ဓါတ်ပုံ – တနင်္သာရီတိုင်းအဝင် မလွဲတောင် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် (ပုံဟောင်း)