မြန်မာ အလုပ်သမကို အခြား မြန်မာအလုပ်သမားတစ်ဦးက သံဒိုင်ဖြင့်ရိုက်သဖြင့် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။ 

ဆောက်လုပ်ရေးတွင် အသုံးပြုသော ကွန်ဂရစ် အားဖြည့်သံတိုင်နှင့် အချက်ပေါင်းများစွာ ရိုက်နှက်ခံရသည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမ တစ်ဦး သေဆုံးသွားခဲ့သည်။ 

ရိုက်နှက်သူမှာ မြန်မာ အလုပ်သမားတစ်ယောက်ဖြစ်ပြီး သေဆုံးသူက သူ့ကို မကြားဝင့် မနာသာ ဆဲရုံသာမက အကြိမ်ကြိမ် တံတွေးဖြင့် ထွေးခဲ့သည်ဟု ဆိုသည်။ 

တိုက်ခိုက်မှုသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘူရီးရမ် မြို့က ဘူရီးရမ် ဆေးရုံ အမှတ် ၂ ဆောက်လုပ်နေသော ဆောက်လုပ်ရေး လုပ်ငန်းနေရာတွင် ဖြစ်ပွားခဲ့သည်။ 

အသက် ၄၉ နှစ်အရွယ် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတစ်ဦးက လုပ်ဖော်ကိုင်ဖက် မြန်မာ အမျိုးသမီးတယောက်ကို ဆောက်လုပ်ရေးသုံး အားဖြည့် သံတိုင်ဖြင့်  အကြိမ်ကြိမ် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ 

တိုက်ခိုက်မှုမှာ ဩဂုတ်လ ၃၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အရိုက်ခံရသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးမှာ ဘူရီးရမ် ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။ 

ရဲစစ်ဆေးမေးမြန်းမှုတွင် တရားခံ အမျိုးသားက သူတို့ နှစ်ဦး မကြာခဏ အချင်းများလေ့ရှိခဲ့ပြီး သေဆုံးသွားသူသည် တရားခံကို မကြာခဏ စော်ကား ပြောဆိုမှုများ, လုပ်လေ့ရှိပြီး တံတွေးနှင့်လည်း ထွေးလေ့ရှိသည်ဟု ပြောသည်။ 

မှုခင်း ဖြစ်ပွားသည့် နေ့ ထမင်းစားချိန်အတွင်း သေဆုံးသူက တံတွေးနဲ့ ထပ်ထွေးပြီး ကျိန်ဆဲခဲ့သည်ကို လက်တုန့်ပြန်မိတာဟု တရားခံက ပြောသည်။ 

သေဆုံးသူသည် ခင်ပွန်းဖြစ်သူနဲ့အတူ ဤဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်ဝင်သည်မှာ ၄ လသာ ရှိသေးသည်ဟု ဆိုသည်။