ငဖဲတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကော်မှရှင်တပ်သား ၂၇ ဦးကို PRA-Magway က ဖမ်းဆီးထိန်းသိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄ ရက်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၇ ဦးကို People’s Revolution Alliance (PRA-Magway) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း အောက်တိုဘာ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။
အမ်း-မင်းဘူးလမ်း၊ ရခိုင်ရိုးမတောင်ပေါ်တွင် ရှိသည့် ငဖဲမြို့နယ် နတ်ရေကန်တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
PRA-Magway က ဖမ်းဆီးရမိထားသူများသည် စစ်မှုထမ်း အပတ်စဉ် ၇ မှ ၁၃ အထိ သင်တန်း တက်ခဲ့သူများ ဖြစ်ပြီး တပ်မ ၉၉ နှင့် စကခ ၁၇ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဆိုသည်။
စက်တင်ဘာလအတွင်း နတ်ရေကန်တောင်တိုက်ပွဲမှ ထွက်ပြေးလာသူများကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ထိန်းသိမ်းထားကြောင်း PRA မကွေးတပ်က ပြောသည်။