ဘောလုံးဒီပလိုမေစီ  (ဗြိတိန်ဝန်ကြီးချုပ်ကတရုတ် သမ္မတကို ပရီမီယာလိခ် ဘောလုံးလက်ဆောင်ပေး) 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် တရုတ်နိုင်ငံခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ပင်ထံသို့ အာဆင်နယ်နှင့် မန်ချက်စတာယူနိုက်တက်တို့ ကန်ခဲ့သည့် ပွဲစဉ်မှ ဘောလုံးကို လက်ဆောင်ပေးခြင်းဖြင့် “ဘောလုံးသံတမန်ရေးရာ” (Football Diplomacy) ကို ဖော်ဆောင်ခဲ့သည်။

အာဆင်နယ်အသင်း၏ ပရိသတ်ဖြစ်သူ ဝန်ကြီးချုပ် စတာမာသည် မိမိအသင်း ရှုံးနိမ့်ခဲ့သည့်ပွဲမှ ဘောလုံးကို မန်ယူအသင်းပရိသတ်ဖြစ်သော သမ္မတ ရှီကျင့်ပင်ထံ လက်ဆောင်ပေးခြင်းဖြင့် ရင်းနှီးမှုနှင့် နှိမ့်ချမှုကို ပြသခဲ့ခြင်း ဖြစ်သည်။ 

ယင်းခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသားများ တရုတ်နိုင်ငံသို့ (၃၀) ရက်ကြာ ဗီဇာမလိုဘဲ သွားရောက်နိုင်ရေး သဘောတူညီချက် ရရှိခဲ့သလို၊ ဗြိတိန်ထုတ် ဝီစကီများအပေါ် အခွန်လျှော့ချရေးကိုလည်း ဆွေးနွေးနိုင်ခဲ့သည်။ 

ထို့အပြင် ဟောင်ကောင်ဒီမိုကရေစီအရေးနှင့် ဝီဂါလူနည်းစုအရေးကိစ္စရပ်များကိုလည်း ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။