တောင်ကုတ်၌ ညမထွက်ရအမိန့် အာရက္ခတပ်တော် (AA) ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။

စစ်အုပ်စုတပ်က ပဲခူးတိုင်းဘက်မှတစ်ဆင့် ပြန်လည်သိမ်းပိုက်ရန် စစ်ကြောင်းထိုး ကြိုးပမ်းနေသည့် ရခိုင်ပြည် တောင်ပိုင်း တောင်ကုတ်မြို့တွင် ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ညမထွက်ရအမိန့်ကို ဩဂုတ်လ နောက်ဆုံးပတ်တွင် စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများ၌ လော်စပီကာများဖြင့် လိုက်လံကြေညာကာ ညပိုင်း သွားလာမှုကို ကန့်သတ်ထားသကဲ့သို့ AA တပ်ဖွဲ့ဝင်များကလည်း ညပိုင်း ကင်းလှည့်လုံခြုံရေး ယူလျက်ရှိသည်။

ဒေသခံအချို့ တောင်ကုတ်မှတစ်ဆင့် ပြည်မဘက်သို့ ခိုးထွက်နေသည့်ဖြစ်စဉ်များ ရှိနေခြင်း၊ ပြည်မဘက်ရှိ စစ်အုပ်စုတပ် စစ်ဆေးရေးဂိတ်များက ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် စစ်မှုထမ်း စုဆောင်းခြင်းများ ပြုလုပ်နေ ခြင်းအပြင် ပဲခူးနှင့် မကွေးတိုင်းဘက်မှ စစ်အုပ်စုတပ် စစ်ကြောင်းထိုးလာနိုင်သည့် စစ်ရေးအခြေအနေများ ကြောင့် ယခုကဲ့သို့ လုံခြုံရေး တင်းကြပ်လိုက်ခြင်း ဖြစ်သည်။

တောင်ကုတ်ဒေသခံ တစ်ဦးက တောင်ကုတ်ကနေ ပဲခူးတိုင်းပြည်ဘက်ကို ညဘက် တချို့ခိုး ထွက်တာတွေ ရှိ တယ်။ နောက်ခိုးမှု၊ လုယက်မှုနဲ့ ဓားမြမှုတွေကို ထိန်းချင်တယ် အေအေက၊ နောက်တစ်ခုက အခုရိုးပေါ်ကို စစ် တပ်စစ်ကြောင်းက တက်မယ်ဆိုတဲ့သတင်းတွေရှိတယ်။ ဒါကြောင့် နိုဗာ-၂ စစ်ဒေသ စစ်ဒေသမှူး၏ အမိန့်အရနဲ့ ထုတ်ပြန်တာပါ။ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို လော်စပီကာတွေနဲ့ ကြေညာထားတယ် ဟု ပြော သည်။

အဆိုပါ ညမထွက်ရအမိန့်ကို နိုဗာ-၂ စစ်ဒေသ စစ်ဒေသမှူး၏ အမိန့်အရ ထုတ်ပြန်ခြင်းဖြစ်ပြီး ထုတ်ပြန်သည့်နေ့ မှစ၍ ပြန်လည် မရုပ်သိမ်းမီအချိန်အထိ အကျုံးဝင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့တွင် လုံခြုံရေးအရ အာရက္ခတပ်တော် (AA) က ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်။ အဆိုပါအမိန့်ကို ဩဂုတ်လ နောက်ဆုံးအပတ်တွင် စတင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ လော်စပီကာများဖြင့် လိုက်လံကြေညာခဲ့သည်။

စစ်အုပ်စုတပ်က ပဲခူးတိုင်းဘက်မှတစ်ဆင့် တောင်ကုတ်မြို့ကို ပြည်လည်သိမ်းပိုက်ရန် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် သတင်းများ ထွက်ပေါ်နေသလို၊ တောင်ကုတ်မှတစ်ဆင့် ပြည်မဘက်သို့ ညဘက်ခိုးထွက်သူ အချို့ကို စစ်အုပ်စုတပ်ဂိတ်များက ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် စစ်မှုထမ်းရန် အဓမ္မစုဆောင်းခြင်းများရှိနေ သည့် အတွက် ယခုကဲ့သို့ သွားလာမှု ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

တောင်ကုတ်ကနေ ပဲခူးတိုင်း ပြည်ဘက်ကို ညဘက် တချို့ခိုးထွက်တာတွေရှိတယ်။ နောက် ခိုးမှု၊ လုယက်မှုနဲ့ ဓားမြမှုတွေကို AA က ထိန်းချင်တယ်။ နောက်တစ်ခုက အခု ရိုးပေါ်ကို စစ်အုပ်စုတပ် စစ်ကြောင်းတက်မယ် ဆိုတဲ့ သတင်းတွေရှိတယ်။ ဒါကြောင့် နိုဗာ-၂ စစ်ဒေသ စစ်ဒေသမှူးရဲ့ အမိန့်အရ ထုတ်ပြန်တာပါ။ မြို့ပေါ်ရပ် ကွက်တွေနဲ့ ကျေးရွာတွေကို လော်စပီကာတွေနဲ့ ကြေညာထားပါတယ် ဟု အခြား တောင်ကုတ်ဒေသခံတစ်ဦး က ပြောသည်။

အဆိုပါ ညမထွက်ရအမိန့်ကို နိုဗာ-၂ စစ်ဒေသ စစ်ဒေသမှူး၏ အမိန့်အရ ထုတ်ပြန်ခြင်းဖြစ်ပြီး ပြန်လည် မရုပ် သိမ်းမီ အချိန်ထိ အကျုံးဝင်မည်ဖြစ်သည်။ အမိန့် ထုတ်ပြန်ပြီးနောက် AA က ညပိုင်း ကင်းလှည့်လုံခြုံရေးယူမှု များ ဆောင်ရွက်လျက်ရှိသည်။ 

ယခုကဲ့သို့ ညပိုင်းသွားလာမှု ကန့်သတ်လိုက်ခြင်းကြောင့် မြို့အတွင်း ညဘက်ဖွင့်လှစ်သည့် စားသောက်ဆိုင်များ၊ ညပိုင်းစီးပွားရေးလုပ်ငန်းများနှင့် ခရီးသည်တင် မော်တော်ယာဉ်များ သွားလာရေးအတွက် အခက်အခဲများ ရှိလာ နိုင်သည်။

တောင်ကုတ်မြို့သည် ရခိုင်ပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများကို ဆက်သွယ်ပေးထားသည့် အရေးပါ သော လမ်းဆုံမြို့တစ်မြို့ဖြစ်၍ မြို့အဝင်အထွက်များကိုလည်း စစ်ဆေးမှု တင်းကြပ်ထားသည်။

အလားတူ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့တွင်လည်း ARSA၊ RSO နှင့် ARA အဖွဲ့ များ၏ လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် မောင်တောခရိုင် အုပ်ချုပ်ရေးဌာနက ဩဂုတ် ၁၁ ရက်တွင် ည မထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး မြို့တွင်း ကင်းလှည့်ခြင်းနှင့် မြို့အဝင်အထွက်ဂိတ်များကို တင်းကျပ်စွာ စစ်ဆေး လျက်ရှိသည်။