ကမ္ဘာကျော် ထိုင်း K-Pop အဆိုတော် Lisa ၂၀၂၆ MTV ဗီဒီယို တေးဂီတ ဆုရရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

ကမ္ဘာကျော် ထိုင်းအနုပညာရှင်နှင့် BLACKPINK အဖွဲ့ဝင် LISA သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က လော့စ်အိန်ဂျယ်လစ်မြို့၌ ကျင်းပခဲ့သော ၂၀၂၆ MTV Video Music Awards (VMAs) ပွဲတွင် ‘Best Pop’ ဆုကို ဆွတ်ခူးခဲ့သည်။

Lisa သည် အဆိုပါဆုကို ပထမဆုံး ရရှိခဲ့သည့် K-pop တစ်ကိုယ်တော် အနုပညာရှင် ဖြစ်လာခဲ့သည်။

ဂျပန်မင်းသား Kentaro Sakaguchi နှင့်အတူ သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဆန်ဆန် သီချင်းဗီဒီယို ‘Dream’ ဖြင့် Taylor Swift၊ Ariana Grande၊ Olivia Rodrigo နှင့် Sabrina Carpenter ကဲ့သို့သော ကမ္ဘာ့ထိပ်တန်း အနုပညာရှင်များကို ကျော်လွန်ကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ‘Dream’ သီချင်းသည် Best K-Pop၊ Best Cinematography နှင့် Best Editing အပါအဝင် စုစုပေါင်း ဆုဆန်ခါတင် ၄ ခုအထိ ပါဝင်ခဲ့သည်။

LISA သည် အနက်ရောင်ဝတ်စုံဖြင့် စင်ပေါ်တက်ရောက် ဆုယူခဲ့ပြီး “ပရိသတ်တွေ မရှိရင် ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး၊ အချစ်တွေနဲ့ အားပေးမှုတွေအတွက် အများကြီး ကျေးဇူးတင်ပါတယ်” ဟု မျက်ရည်ကျကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

Photo:The Nation