ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့နံနက်မှ စတင်ကျင်းပနေသည်။
ညီလာခံတွင် UNFC အဖွဲ့မှ နုတ်ထွက်စာတင်ထားကြသည့် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF / ဝ အမျိုးသားအဖွဲ့ချူပ် WNO ၊ ကိုးကန့်အဖွဲ့ MNDAA မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း မရှိသော်လည်း ကချင် လွတ်လပ်ရေးအဖွဲ့ KIO မှ ကိုယ်စားလှယ်များ တက်ရောက်သည်။
ညီလာခံကို ဇွန်လ ၂၆ ရက်နေ့အထိ ကျင်းပသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။