တိုင်းရင်းသား ဘာသာသတင်း အစီအစဉ် ( မြန်မာဘာသာ) ၄ – ၅ – ၂၀၂၀။
ကချင်ပြည်နယ်မှာတော့ တရုတ်နိုင်ငံကနေပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို ခေတ္တထားတဲ့ မြစ်ကြီးနားမြို့ စီတာပူ ကုန်တင်ကုန်ချစခန်းက လုပ်အားပေး Volunteer အဖွဲ့တွေအတွက် ရောဂါကာကွယ်ရေးပစ္စည်းတွေ ထပ်မံ လိုအပ်နေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က ကျေးရွာအများစုမှာ မြစ်ချောင်းတွေနဲ့ လက်တူးရေတွင်းတွေ ခန်းခြောက်လာတာကြောင့် အရင်နှစ်တွေထက် သောက်သုံးရေ အခက်အခဲပိုမိုကြုံတွေ့လာနေရပါတယ်။
ရခိုင်ပြည်နယ်မှာတော့ မင်းပြားမြို့နယ် အမ်းသားရွာကိုရောက်နေကြတဲ့ စစ်ဘေးရှောင် ၃ဝဝ ကျော်ဟာ နေထိုင်ဖို့အတွက် အဆောက်အဦတွေ လိုအပ်နေပါတယ်။
ZawGyi