ထိုင်းပြန် သီရိလင်္ကာသံဃာတော် ၂၂ ပါးထံမှ ဆေးခြောက် အမြောက်အမြား ဖမ်းဆီးရမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
ထိုင်းနိုင်ငံမှ ဘုရားဖူးခရီးစဉ်အပြီး ပြန်လည်ရောက်ရှိလာသည့် သီရိလင်္ကာသံဃာတော် ၂၂ ပါးကို ကိုလံဘိုလေဆိပ်၌ အပြင်းစားဆေးခြောက် (Kush) အလေးချိန် ၁၁၀ ကီလိုဂရမ် မှောင်ခိုသယ်ဆောင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ အမေရိကန်ဒေါ်လာ ၃.၅ သန်းကျော် တန်ဖိုးရှိပြီး ၎င်းမှာ ကိုလံဘိုလေဆိပ်၏ သမိုင်းတစ်လျှောက် တစ်ကြိမ်တည်းနှင့် အများဆုံး ဖမ်းဆီးရမိသည့် အမှုဖြစ်သည်။
သံဃာတော်များမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ လှည့်ဖြားစေခိုင်းမှုကို ခံရခြင်းဖြစ်သည်ဟု ယူဆရသည်။
သံဃာတော်များ ကို စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ထိုင်းနိုင်ငံသို့ အခမဲ့/အလှူ ခရီးစဉ် အဖြစ် တကာခံခဲ့ခြင်း ဖြစ်သည်။
သံဃာများမှာ ၎င်းတို့ထံတွင် ပါလာသည့် ပစ္စည်းများမှာ ကျောင်းသုံး ပစ္စည်းကရိယာများ ဖြစ်ပြီး အလှူပေးလိုက်သည့် ပစ္စည်းများအဖြစ် သိထားခဲ့ကြသည်။
သို့သော်လည်း ၎င်းတို့၏ လက်ကိုင်ဖုန်းများအတွင်း၌ ဝိနည်းနှင့်မညီသည့် ဓာတ်ပုံများ တွေ့ရှိရခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် ခရီးစဉ်စီစဉ်ပေးခဲ့သည့် ဦးဇင်းတစ်ပါးကိုပါ ထပ်မံဖမ်းဆီးထားပြီး တရားရုံးက သံဃာတော်များအား (၇) ရက်ကြာ ချုပ်မိန့်ပေးကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။