ရခိုင်နှင့် ချင်းဒေသများ ချွင်းချက်မရှိ အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၆ ရက်။
ရခိုင်နှင့် ချင်းပြည်နယ်အတွင်း အင်တာနက် ဆက်ပိတ်ထားသော နေရာများတွင် အင်တာနက် ပြန်ဖွင့်ပေးရန် လွတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက တောင်းဆိုနေကြသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်များနှင့် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တို့ကို ယနေ့အချိန်ထိ အင် တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းသည် စစ်ရေးပဋိပက္ခများကို မလျော့နည်းစေသည့်အပြင် လူ့အခွင့် အရေးချိုးဖောက်ခံနေရမှုများ ပိုမိုအားပေးနေသလို သတင်းအချက်အလက် အမှန်ရရှိနိုင်ရေးအတွက်လည်း အခက်အခဲဖြစ်နေရသည်ဟု မင်းပြားမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် က “ဒေသခံပြည်သူတွေက သတင်း အမှောင်ချခံရတဲ့ အခြေအနေမျိုးအပြင် အဲ့လို အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် တိုက်ပွဲ တွေ ရပ်တန့်သွားတာ၊ လျော့ကျသွားတာလည်း မရှိဘူး။ ပိုပြီးတော့ ပြင်းထန်လာတာပဲ တွေ့တယ်။ အဲ့လို ပြင်းထန်လာတော့ ပြည်သူတွေကလည်း ပိုပြီးတော့ ဒုက္ခရောက်မှုတွေတိုးလာတယ်။ အဲ့ဒါတွေကို အချိန်နဲ့ တပြေးညီ ပြည်သူတွေသိအောင်၊ ကမ္ဘာကလူတွေသိအောင် ချပြဖို့ အင်တာနက်လိုင်း မရှိတဲ့အခါ သတင်း မှားတယ်၊ မှန်တယ် ပိုင်းခြားဖို့ အခက်အခဲရှိတယ်” ဟု ပြောသည်။
ယခုကဲ့သို့ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် တိုက်ပွဲများကြောင့် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ပတ်သက်၍ တိကျခိုင်မာသည့် သတင်းအချက်အလက် များ၊ သက်သေအထောက်အထားများကို ထုတ်ဖော်ခွင့်မရကြကြောင်းလည်း ဒေသခံများက ပြောသည်။
ဒေသအတွင်း အင်တာနက်ပိတ်ထားခြင်းမှာ အစိုးရအနေဖြင့် သတင်းအမှောင်ချပြီး လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို အားပေးနေခြင်းမျိုး ဖြစ်နေသည်ဟု ရခိုင်ပြည်နယ်က အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ဒေသခံများက ပြောသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း “စစ်ပွဲနဲ့ ပတ်သက်ပြီး တော့ ပြည်သူလူထုမှာ အင်တာနက်မဖွင့်တဲ့အတွက်ရော တိုက်ပွဲတွေ လျော့ကျနိုင်တဲ့ အခြေအနေမျိုး မ တွေ့ရဘူး။ မတ်လနဲ့ ဧပြီလမှာဆိုရင် အင်တာနက်ပိတ်ထားတဲ့မြို့တွေမှာ တိုက်ပွဲတွေ ဆိုးဆိုးရွားရွားဖြစ် ခဲ့ရတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ပိုပြီး ဖြစ်လာတယ်။ ဒုက္ခသည်တွေ ပိုပိုများလာတယ်” ဟု ပြောသည်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် မတ်လအတွင်း စစ်ရှောင်ဦးရေ ၃၀၀၀၀ ခန့် တိုးလာသလို ဧပြီလအတွင်းကလည်း ၇၀၀၀ ခန့် ထပ်မံတိုးလာခဲ့သည်ဟု REC ၏ စာရင်းများအရ သိရသည်။ ဧပြီလ ၃၀ ရက်နေ့ ထုတ်ပြန်သည့်စာရင်းအရ စစ်ရှောင် ၁၆၄၂၁၁ ဦး ရှိပြီဖြစ်သည်။
၂၀၁၉ ခုနှစ်က ဇွန်လကစတင်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊ မောင်တောနှင့် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တို့ကို ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်းများ ပိတ်ထားခဲ့ရခြင်းဖြစ်သည်။
ထိုသို့ ပိတ်ထားပြီးနောက် စက်တင်ဘာလက မြို့နယ်အချို့ကို အင်တာနက်ပြန်လည် ဖွင့်ပေးခဲ့သော် လည်း ၂၀၂၀ ဖေဖော်ဝါရီလ က ထပ်မံပိတ်ခဲ့ခြင်းဖြစ်သည်။
မေလ ၂ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းက အင်တာနက်ပိတ်ထားသည့် မြို့နယ်များထဲမှ မောင် တောမြို့ကို အင်တာနက်များ ပြန်လည်ဖွင့်ပေးခဲ့သည်။
ထို့ကြောင့် ကျန်မြို့နယ်များကိုလည်း အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးရန် တောင်းဆိုနေကြသည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက “ရခိုင်မှာ ဖြစ်နေတဲ့ အဖြစ်မှန် တွေ သိဖု့ိအတွက် အင်တာနက်တွေဖွင့်ပေးဖို့ လိုတယ်။ သတင်းသမားတွေကိုလည်း လွတ်လပ်စွာ ရယူ ပိုင်ခွင့်တွေ ပေးဖို့လိုတယ်။ အဲ့လိုမျိုးတွေ ဖြစ်စေချင်တာပေါ့” ဟု ပြောသည်။
အင်တာနက်ပိတ်ထားသည့်အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှု၊ တိုက်ပွဲများ၊ စစ်ရေး ပဋိ ပက္ခများအတွင်း ရခိုင်ပြည်သူများ ကြုံတွေ့ရနေကြရသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ အပြင် ပညာရေး၊ စီးပွားရေး နှင့် ကျန်းမာရေး ကဏ္ဍများအတွက်လည်း စိုးရိမ်စရာ ဖြစ်စေသည်ဟု ပြောသည်။
ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “အမုန်းတရားတွေလျော့အောင်၊ တိုက်ပွဲ တွေလျော့ချနိုင်အောင် ဆိုတာ သူူတို့ဘက်က ပြောဆိုချက်ပါ။ ဥပမာ ဆရာမက တစ်ခုခုတင်လိုက်ရင် တောင်မှ အကောင့်အတုတွေနဲ့ AA ဘက်တော်သားတွေ၊ AA ကိုထောက်ခံနေသူတွေ၊ သူပုန်မတွေဆိုတာ မျိုး လာရေးကြတယ်။ ဆိုတော့ ဒီလိုမျိုး အကောင့်အတုတွေရှိနေသမျှတော့ ဒီလို အမုန်းစကားတွေက ရေး နေကြမှာပဲ။ အဲ့တော့ အခုက အင်တာနက်ပိတ်လိုက်လို့ ခက်ခဲသွားတာပဲရှိတယ်။ မလျော့ကျသွားဘူး။ တိုက်ပွဲတွေလည်း ဆက်ပြီးဖြစ်နေတာပဲ” ဟု ပြောသည်။
“ဆရာမတို့ ရသေ့တောင်မှာက ဘဏ်ဆိုတာ တစ်ခုပဲရှိတယ်။ နယ်ပေါင်း ၁၆၅ ရွာလောက်ရှိတဲ့နေရာမှာ WAVE MONEY ပဲ သုံးရတာ၊ အဲ့တော့ ဒီကိစ္စတွေ အဆင်မပြေတော့ဘူး။ နောက်တစ်ခုက အစိုးရ ဝန်ထမ်း တွေဆိုရင် Viber နဲ့ စာပို့တယ်။ လွှတ်တော်တက်နေပြီဆိုရင် အချက်အလက်လိုချင်ရင် ဒီ Viber တို့သုံး တယ်။ အင်တာနက်ကိုပဲ အသုံးပြုရတာ။ ဒီလိုအင်တာနက်သုံးရတဲ့ခေတ်မှာ အခုလိုဖြတ်ထားတာဟာ ပြည် သူတွေအတွက် တော်တော်လေးကို အခက်အခဲဖြစ်တယ်။ တိုက်ပွဲတွေဖြစ်တဲ့နေရာမှာ မိုင်းထိတာတွေရှိ တယ်။ ဒဏ်ရာရတယ်၊ အဲ့လိုအချိန်တွေမှာလည်း အချိန်တဲ့ တပြေးညီ သတင်းမပို့နိုင်တော့ မကူညီနိုင်ဘူး။ အင်တာနက်မရှိတာနဲ့ ရှိတာ အတော်ကိုကွာပါတယ်။ ဒါကြောင့် အင်တာနက်ဖွင့်ပေးဖို့ ပြောချင်ပါတယ်။”
အလားတူ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက စိုးရိမ်ထိတ်လန့်နေကြရသည့် COVOD-19 ကပ်ရောဂါ ဖြစ်ပွားနေ ချိန်ဖြစ်သည့်အတွတက် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်စေချင်သလို အင်တာနက်များ အမြန်ဆုံး ဖွင့်ပေး စေချင်သည်ဟု ဦးလှသိန်းအောင်က ပြောသည်။
“ဒီနေ့ ကျနော်တို့လည်း အမြဲတမ်းပြောတာပါတယ်။ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကိုလည်း ရပ်စေချင် တယ်။ အခုဆိုရင် ကမ္ဘာ့ကပ်ဆိုးရောဂါကြီးကလည်း ဖြစ်နေတဲ့ အချိန်ဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေ၊ ကျန်တဲ့ အခြားခြားသော သတင်းအချက်အလက်တွေကို အချိန် နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက်တော့ အင်တာနက်ဖွင့်ပေးဖို့လိုတယ်။”
ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်အတွင်း အင်တာနက်လိုင်းများ ပိတ်လိုက်ပြီး နောက်ပိုင်း တပ် မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာသော ကြောင့် အရပ်သားပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် အသက်သေ ဆုံးရခြင်းတို့အပြင် နေရပ်စွန့်ခွာနေမှုများ ပိုတိုးလာနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ က သုံးသပ် ထားသည်။