လပွတ္တာရှိ လျှစ်စစ်ရုံးကို  ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

သတင်နှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ရှိ လျှပ်စစ်မီတာရုံး ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခံရသည်ဟု ဒေသခံများက ပြော သည်။

မီတာခများအား ဒေသခံပြည်သူများထံမှ ဖိအားပေး ကောက်ခံနေမှုများကြောင့် သတိပေးသည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ပြောက်ကျားတပ်ဖွဲ့ က ထုတ်ဖော်ဝန်ခံထားသည်။

လပွတ္တာမြို့တွင် လျှပ်စစ်မီတာရုံးက မီတာလာမဖတ်ပဲ မီတာခများကို ၂ ဆ တိုးမြင့် ကောက်ခံနေသည့်အတွက် မြို့ခံများကလည်း ကျေနပ်မှု မရှိကြဘူးဟု ဒေသခံအချို့က ပြောသည်။

လပွတ္တာမြို့ခံ ဦးမြင့် က ဒီမြို့မှာက ငွေတောင်းကြမ်းတာက မီတာရုံးရယ် စည်ပင်ရယ်က ရဲတို့ စရဖတို့လိုပဲ အတော်ဆိုးတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ထောက်တိုင်များကို ဆက်လက်ဖြိုလှဲသွားမည်ဖြစ်ပြီး ပြည်သူများကို ထိခိုက်စေမည် မဟုတ် ကြောင်းလည်း ဒေသခံပြောက်ကျားတပ်ဖွဲ့၏ ကြေငြာချက်ထဲတွင် ဖော်ပြပါရှိသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၇နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည့် လျှပ်စ်စမီတာရုံး ဗုံးဖြင့် တိုက်ခိုက်ခံရမှုတွင် လူထိခိုက်ဒဏ်ရာရရှိခြင်းမျိုး မရှိဘူးဟု ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦး က လက်လုပ်ဗုံးနဲ့ ပစ်သွားတာလို့ လာစစ်ဆေးတဲ့ တပ်က အရာရှိက ပြောတယ် လူထိခိုက်တာမရှိဘူး အဆောက်အလည်း ပျက်စီးတာ မရှိဘူး” ဟု ပြော သည်။

ဧရာဝတီတိုင်းတွင် အောက်တိုဘာလအတွင်းက ဓနုဖြူ၊ ကျိုက်လတ် ၊ ဟင်္သာတ၊ မအူပင်မြို့တို့ရှိ မီတာရုံးများ ရှေ့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။

သို့သော် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ပုသိမ်မြို့ မီတာရုံး ကွန်ပျူတာခန်းအတွင်း ဗုံးပေါက်ကွဲမှုတွင် ရုံးဝန် ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရုံးအတွင်းရှိ ကွန်ပျူတာ အချို့ ပျက်စီးသွားခဲ့သည်။