ရဲက စစ်ဆေးစဉ် ကိုယ်ဝန်ဆောင် အမျိုးသမီးသေဆုံးမှု အပေါ် ခုံရုံးဖွဲ့ စစ်ဆေးရန် စစ်ကောင်စီ ညွှန်ကြား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

ကိုယ်ဝန်ဆောင် တစ်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးစဉ် သေဆုံးသွားခြင်းနှင့် ပါတ်သက်၍ တာဝန်ရှိသူ အဆင့်ဆင့်ကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ ကာ စစ်ဆေးသွားမည်ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။

ဧရာဝတီတိုင်း မအူပင်ရဲတပ်ဖွဲ့၏ ရိုက်နှက်စစ်ဆေးမှု ကြောင့် မအူပင်မြို့နယ် ဒု-ဦးစီးမှူး၏ နေအိမ်တွင် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံထား  ရ သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်မော်လင်း ရဲစခန်းတွင် သေဆုံးခဲ့သည့် အမှုနှင့်ပတ်သက်၍  စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ ကာ စစ်ဆေးသွားမည်ဟု သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိရဲ အရာရှိတစ်ဦး က ရဲလုပ်ထုံး လုပ်နည်းနဲ့အညီ စုံ/ခုံ ဖွဲ့ပြီး စစ်ဆေးဖို့ စီစဉ်နေပါတယ် ေဆုံးမှုနဲ့ ပတ်သက်လို့ လောလောဆယ် သေမှု သေခင်းဖွင့်ပြီး စစ်ဆေးဆောင် ရွက်နေပါတယ်” ဟု ပြောသည်။

သေဆုံးသူ မတင်မော်လင်းသည် စည်ပင်ဝန်ထမ်း ခင်ပွန်းဖြစ်သူနှင့် အတူ မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒု-ဦးစီးမှူးတစ်ဦး၏ အိမ်တွင် အိမ်မှုကိစ္စများကိုခေါ်ယူခိုင်းစေခြင်း ခံနေသူဖြစ်သည်ဟု စည်ပင်သာ ရုံး က သိရသည်။

၎င်းတို့ အလုပ်လုပ်နေသည့် ဒု-ဦးစီးမှူး၏ နေအိမ်မှ ရွှေထည် နှင့် အခြားပစ္စည်းများ ခိုးယူသည်ဟု တိုင်ကြား သဖြင့်  မအူပင်ခရိုင် ဒုစရိုက် နှိမ်နင်းရေးအဖွဲ့ (ခရိုင် ဒန) နှင့် မအူပင်မြို့မ ရဲစခန်းက ရဲများက သူခိုးဟု စွပ်စွဲကာ ဖမ်းဆီးပြီး ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲစခန်း နှင့် နီးစပ်သူအချို့ ကပြောသည်။

အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က ရဲတွေက လင်မယား နှစ်ယောက်ကို တစ်နေရာစီ အဖွဲ့ နှဉ်ဖွဲ့ခွဲပြီး ရိုက်စစ်တာကောင်မလေးက သေသွားတယ် အချုပ်ကမလွတ်သေးတဲ့ သူ့ယောင်္ကျားက ဒီနေ့ (နိုဝင်ဘာ ၁၃)ထိ ရိုက်ထားတဲ့ ဒဏ်ရာတွေ ရှိသေးတယ်” ဟု ပြောသည်။

မအူပင်ရဲတပ်ဖွဲ့ဝင်များ  ရိုက်နှက်စစ်ဆေးမှုကြောင့် မတင်မော်လင်းသည် နိုဝင်ဘာ ၉ ရက်နေ့ ညက ရဲစခန်းတွင် သေဆုံးခဲ့ပြီးနောက် ညတွင်းချင်း မအူပင်ဆေးရုံသို့ ပို့ကာ နိုဝင်ဘာလ ၁၂ ရက်နေ့(ယမန်နေ့) နေ့လည်ပိုင်းက မီးသင်္ဂြိုဟ်လိုက်သည်ဟု သိရသည်။

 ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်တွင် လပွတ္တာမြို့နယ် အတွင်းရှိ ကင်းရဲစခန်းတစ်ခုက လူငယ်တစ်ဦးကို သူခိုး ဟုစွပ်စွဲပြီး ရဲလုပ်ငန်းစဉ်နှင့် မညီညွတ်သော စစ်ဆေးမှု ပြုလုပ်သဖြင့် အဆင့်ဆင့်သော တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် များအား စုံ/ခုံဖွဲ့ စစ်ဆေးကာ ရဲစည်းကမ်းဥပဒေ နှင့် အညီအရေးယူခဲ့ ဖူးသည်။