ဆီဆိုင်မြို့တွင်း ပိတ်မိနေသည့် စစ်ရှောင်များအတွက် စိုးရိမ်နေကြ

သတင်းနှင့်မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့တွင်း၌ ကရင်နီစစ် ရှောင်များ ပိတ်မိနေသည်ဟု စစ်ရှောင်များက ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်းက ဒေသခံများအပြင် ထိုနေရာတွင် ရောက်နေသည့် ကရင်နီစစ်ရှောင်များပါ ဘေး လွှတ်ရာကို ထွက်ပြေးနေကြရပြီး မြို့တွင်း၌ ကျန်ရစ်သူ အများစုမှာလည်း ကရင်နီ စစ်ရှောင်များ ဖြစ်သည် ဟု ဆိုကြသည်။

လွိုင်ကော်ဒေသခံ စစ်ဘေးရှောင်တစ်ဦးက “တချို့ကလည်း ပြေးစရာနေရာ မရှိတော့ဘူး။ ဆိုတော့ ဆီဆိုင် မှာပဲ ကျန်ခဲ့တဲ့ သူတွေလည်း ရှိတယ်။ ဆီ ဆိုင်မှာပဲ ပိတ်မိနေတဲ့သူရှိတယ်။ နှစ်ခါသုံးခါ ပြေးလည်း မပြေး နိုင်တော့ဘူး။ အဲ့လိုမျိုးလူတွေရော လွိုင်ကော် က လူကနည်းနည်းရင့်ထော် (အတွေ့ကြုံရှိ) သွားပြီကျ တော့ နည်းနည်းနေကြည့်သေးတယ်။ သိပ်မကြောက် ကြတော့ဘူး“ ဟု ပြောသည်။

ပအိုဝ်းပြည်သူ့စစ် (PNA)၊ စစ်ကောင်စီ ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့ တိုက်ပွဲဖြစ်ပွားရာ ဆီဆိုင်မြို့ထဲ ကရင်နီစစ်ဘေးရှောင်များ ကျန်နေခဲ့သည့်အတွက် မိသားစုဝင် များက စိုးရိမ်နေကြသည်။

ဆီဆိုင်မြို့ခံများနှင့် ကရင်နီစစ်ရှောင်များသည် တိုက်ပွဲများ ဖြစ်ပွားလာ၍ ခြေဦးတည့်ရာကို ထွက်ပြေးနေ ကြရခြင်း ဖြစ်သည်။ လွိုင်ကော်မြို့က စစ်ရှောင်အများစုမှာမူ မြို့တွင်း၌ ပိတ်မိနေသည်ဟု ဆိုသည်။

စစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက “တချို့တောင်ကြီးဘက်တော့ အများကြီးပြေးကြတယ်။ လွိုင် ကော်က လူတွေ တော်တော်များများ အဲ့မှာ ကျန်ခဲ့သေးတယ်။ တချို့ပြေးရင်လည်း ဆီဆိုင်နဲ့ သိပ်မဝေးတဲ့ ရွာ အဲလိုမျိုးပဲ ပြေးကြတယ်။ အစ်မတို့ဆို ကားသေးသေးလေး တစ်စီးရှိလို့ တော်သေးတယ်။ မရှိတဲ့ သူ တွေဆို ဘယ်လိုလုပ်မလဲ တချို့ဆို ဆိုင်ကယ် မရှိတဲ့ သူတွေတောင်ရှိတယ်လေ။ အဲ့လိုမျိုးဆို ဘယ်လို သွား ပြေးမလဲ” ဟု ပြောသည်။

ဆီဆိုင်မြို့နယ်ထဲ ကရင်နီစစ်ဘေးရှောင် တစ်သောင်းခန့် ရှိနေရာမှ လက်ရှိ တိုက်ပွဲ အခြေအနေများကြောင့် စစ်ဘေးရှောင် မည်မျှကျန်ခဲ့သည်ကိုမူ အတိအကျ မသိရသေးဘူးဟု အကူအညီပေးနေသူများ က ဆိုသည်။

ကရင်နီစစ်ရှောင်အချို့က ဆီဆိုင်မြို့မှ ကရင်နီပြည်ထဲ ပြန်ဝင်လာသူများလည်း ရှိနေသည်ဟု စစ်ရှောင် တစ်ဦးက ဆက်ပြောသည်။

“ဒီတစ်ရက်နှစ်ရက်တော့ မသိဘူးပဲ။ ဟိုရက်ကတော့ ကားတွေနဲ့ အများကြီး ပြန်ဝင်ကြတယ်။ တောင်ကြီး ဘက်တော့ အများကြီးပြေးကြတယ်။ စစ်ရှောင်တွေက ဘုရားကျောင်းထဲမှာ အများကြီးပဲ ဒါတောင် အပြင် မှာ အိမ်ငှားနေတဲ့ သူတွေမပါသေးဘူး။”

ဇန္နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ဆီဆိုင်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများထဲ စစ်ကောင်စီ တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ရှိ ဗုံးများအသုံးပြုပြီး တိုက်ခိုက်မှုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသ်ည။

ထို့ကြောင့် ဒေသခံပြည်သူများ၏ အိမ်များ ထိမှန်ပျက်စီးကုန်ပြီဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA က ထုတ်ပြန်ထားသည်။

ဇန္နဝါရီလ ၂၂ ရက်နေ့၊ ည ၈ နာရီအချိန်ကစတင်ကာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ် ခတ်မှုများ လုပ်နေခြင်းကြောင့် ဒေသခံများနှင့် ကရင်နီ စစ်ဘေးရှောင်များ ထွက်ပြေး တိမ်းရှောင်နေရ ခြင်း ဖြစ်သည်။