ထားဝယ်တွင် စစ်ကောင်စီစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က သိမ်းပိုက်

သတင်းနှင့်မီဒီယာကွန်ရက်။
ဇန္နဝါရီလ ၂၇ ရက်နေ့၊ ၂၀၂၄ ခုနှစ်။

တနင်္သာရီတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲအဖြစ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီ၏ ကျောက်ထုစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပထမဆုံးသိမ်းပိုက်နိုင်သည့် စစ်ကောင်စီစခန်း တစ်ခု လည်း ဖြစ်သည်။

ထားဝယ်မြို့နယ်ရှိ ဘန်းချောင်းဒေသမှ စစ်ကောင်စီ ကျောက်ထုတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က ဇန်နဝါရီလ ၂၄ရက်နေ့တွင် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက “အဲ့ဒီစခန်းကို KNLA တပ်မဟာ ၄ တပ်ရင်း ၂၇ နဲ့ ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် ခဲ့တာလို့ အကြမ်းပဲပြောလိုရဦးမယ်။ စာရင်းအားလုံး အသေးစိတ်ကို ထုတ်ပြန်ပေးပါမယ်” ဟု ပြောသည်။

စခန်းသိမ်းတိုက်ပွဲ၏ ဓာတ်ပုံနှင့် ရုပ်သံများတွင် သိမ်းဆည်းရမိထားသည့် လက်နက်ကြီး၊ လက်နက်ငယ်နှင့် မိုင်း များအပြင် စစ်ကောင်စီစခန်း အဆောက်အအုံများ မီးရှို့နေသည်ကိုလည်း လူမှုကွန်ယက်စာမျက်နှာ အချို့တွင် တွေ့မြင်နေရသည်။

တနင်္သာရီတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲအဖြစ် ရည်ရွယ်ကာ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ အများအပြား ရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သိမ်းပိုက်နိုင်ခဲ့ခြင်းမျိုးမရှိပေ။