တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၈ – ၄ – ၂၄ )
ကချင်နဲ့ကရင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကချင်မှာတော့ အရေးပါတဲ့ စစ်ကောင်စီရဲ့စခန်းကုန်းတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့လေဆိပ်မှာ လေယာဉ်လိုက်ပါစီးနင်းမယ့် ခရီးသည်တွေရဲ့ မျိုးရိုးဗီဇအချက်အလက်(Biometric Data)ကောက်ယူသွားမယ်လို့ လေဆိပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ကရင်နီတပ်မတော်စစ်ရေးချုပ်က ကရင်နီကို စစ်ကောင်စီ စစ်ကြောင်းအသစ်တွေ မထိုးနိုင်တော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။