ကုန်သွယ်ရေးအရ အရေးကြီးတဲ့ နယ်စပ်မြို့တွေကို တော်လှန်ရေးအဖွဲ့တွေသိမ်း

ပြီးခဲ့တဲ့အပတ်ထဲမှာ မြန်မာနိုင်ငံတောင်ပိုင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ထိုင်း-မြန်မာ နယ်စပ်မှာ စခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေသလို နိုင်ငံမြောက်ပိုင်းမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေကလည်း ဗန်းမော်နဲ့ တရုတ်နယ်စပ်မြို့ လွယ်ဂျယ်ကြားမှာ စခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့ကြပါတယ်။