အချိန်အခါမဟုတ် မိုးကြောင့် စစ်ရှောင်များ အခက်ကြုံ
အချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် ကရင်နီပြည်ရှိ စစ်ရှောင်စခန်းတွေမှာ နေအိမ်အမိုးအကာတွေပျက်စီးခဲ့ပြီး ထပ်ဝယ်ဖို့လည်း ခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ကိုပီတာက တင်ဆက်ထားပါတယ်။