တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၉ – ၄ – ၂၄ )

တိုင်းရင်းသား ပြည်နယ်တချို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ကရင်ပြည်နယ် မှာ ကရင်တပ်ဖွဲ့တွေ နောက်ပြန်ဆုတ်ပေးခဲ့ရတာ ရှိသလို တပ်ရင်းစခန်း တချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အာဏာအလွှဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ ငွေညစ်မှု၊ လူသတ်မှု၊ ခဲယမ်းခိုးယူရောင်းချမှုတွေနဲ့ တပ်ဖွဲ့ဝင် ၃ ယောက်ကို သေဒဏ်ပေးခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့‌ လေကြောင်း တိုက်ခိုက်မှုကြောင့် ကရင်နီပြည်မှာ ၉ ရက်အတွင်း အရပ်သား ပြည်သူ ၉ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။