KNLA ဒုတပ်ရင်းမှူးနှင့် ရဲဘော်နှစ်ဦး မတော်တဆ ပေါက်ကွဲမှုကြောင့် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် မေလ ၂၀ ရက်။ 

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်း ၁၀ မှ ဒုတပ်ရင်းမှူး နှင့်ရဲဘော်နှစ်ဦးတို့သည် မတော်တဆ ပေါက်ကွဲမှုကြောင့် ထားဝယ်အရှေ့တောဒေသတွင် သေဆုံးသွားကြသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၀ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော်နှင့် ရဲဘော်နှစ်ဦးတို့သည် မတော်တဆပေါက်ကွဲမှု တစ်ခုကြောင့် ထားဝယ် အရှေ့တောဒေသတွင် သေဆုံးသွား ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ 

ဗိုလ်မှူးစောလားထော်နှင့် အတူ KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ မှ ရဲဘော်နှစ်ဦးမှာ လက်နက်ကြီးကျည်

ပေါက်ကွဲရာမှ သေဆုံးသွားခြင်း ဖြစ်သည်။

ပူးတွဲတပ်ရင်းမှူး စောမှူးဂေက မတော်တဆ ကျည်ပေါက်ထွက်ပြီးတော့ ဗိုလ်မှူးရဲ့ ဗိုက်မှာ ထိသွားတာ။ ပွဲ ချင်းပြီးဆုံးသွားတယ် ဟု ပြောသည်။

ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ရန် လုပ် ဆောင်နေချိန် ကျည်ပေါက်ကွဲပြီး မေလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ခရိုင်အတွင်းရှိ စစ်ဆင်ရေးများကို ယခုနှစ်ဆန်းပိုင်းမှ စတင်၍ KNLA တပ်မဟာ ၄ တပ်ရင်း ၁၂၊ တပ်မဟာ ၆၊ တပ်ရင်း ၂၇ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအပြင် တပ်မဟာ ၄ တပ်ရင်း ၁၀ က လည်း ပူးပေါင်းပါဝင်နေသည်။

စစ်ကောင်စီ၏ ကျောက်ထုစခန်းကို ၂၀၂၄ ခုနှစ် ဇန္နဝါရီလ ၂၄ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် တနင်္သာရီတိုင်း အတွင်း စစ်ကောင်စီတပ်စခန်း ၁၂ ခုထက် မနည်းကို KNLA နှင့် PDF ပူးပေါင်းတပ်များမှ သိမ်းယူနိုင်ခဲ့သည်။ 

ထားဝယ်မြို့နယ် အရှေ့တောဒေသတွင် ယခုနှစ် အစပိုင်းမှ စတင်ပြီး စခန်းသိမ်းတိုက်ပွဲများနှင့် စစ်ရေးအရှိန် မြင့် လာခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်က လေကြောင်းမှတန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိနေသည်ဟု ရွာသားများက ဆိုသည်။

မေလ ၈ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပဲဒက် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် ကနက်သီရိ၊ ရငဲ၊ ကတွဲနှင့် ဂုံညှင်းဆိပ်ကျေးရွာများကို စစ်ကောင်စီတပ် မှ လေယာဥ်များ၊ ရဟတ်ယာဥ်များနှင့် ဗုံးကြဲတိုက်ခိုက်နေသည်။