“Lose and Hope” ရုပ်ရှင်ကို ဘာကြောင့် ရိုက်ဖြစ်ခဲ့တာလဲ။ ဆက်သွယ်မေးမြန်းချက် ( ပထမပိုင်း)
ကရင်နီပြည်နယ်ရဲ့ ပထမဆုံး တော်လှန်ရေး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “Lose and Hope” ကို Karenni’s Arts Creation – KAC က ကမကထပြုပြီး ရိုက်ကူးခဲ့ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကို KAC တာဝန်ခံ ဂျွန်မီယာ က ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးခဲ့ပြီး ကိုဖိုးဘာကြီးကတော့ ဒီရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ဖို့အတွက် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ဒါရိုက်တာ ဂျွန်မီယာဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ဗဟို မိုင်းဌာနမှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီနောက်မှာတော့ သူတတ်စွမ်းတဲ့ အနုပညာနဲ့ ဆက်ပြီး တော်လှန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ ကရင်နီပြည်အတွက်ရော သူ့အတွက်ရော ပထမဆုံး ဇာတ်ကား ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရုပ်ရှင်ဖြစ်မြောက်ရေးအတွက် တာဝန်ယူသူ ကိုဖိုးဘာကြီးကတော့ လက်ရှိအချိန်အထိိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အတွက် ထောက်ပို့လုပ်ငန်းတွေမှာ တစ်စိုက်မတ်မတ် ကူညီဆောင်ရွက်ပေးနေရင်း ဒီရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ဖို့အတွက် လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
ဒီ Lose and Hope ရုပ်ရှင်ဇာတ်ကားက တစ်ခြား တော်လှန်ရေးဇာတ်ကားတွေထက် ဘာတွေပိုပြီး ထူးခြားနေတာလဲ။ ဘာကြောင့် ဒီရုပ်ရှင်ကို ရိုက်ဖြစ်ခဲ့တာလဲ။ရိုက်ကွင်းအတွေ့အကြုံတွေ၊ ဘယ်လိုစိန်ခေါ်မှုတွေကြားက စွန့်စားပြီးရိုက်ကူးခဲ့ရတာလဲ ၊ဘယ်နေရာတွေမှာပြသနေပြီလဲ ၊ဘယ်နေရာတွေမှာဆက်ပြီးပြသဖို့ရှိနေသလဲ စတာတွေကို ဒီဇာတ်ကားမှာ အဓိက တာဝန်ယူထားကြတဲ့ ဒါရိုက်တာ ဂျွန်မီယာ နဲ့ ရုပ်ရှင်ဖြစ် မြောက်ရေး တာဝန်ခံ ကိုဖိုးဘာကြီးတို့ကို ကိုပီတာ က ဆက်သွယ်မေးမြန်းထားပါတယ်။