စစ်ကိုင်းဖိုရမ်သို့ KNU သဝဏ်လွှာပို့ ၊ အာဏာရှင်ဖယ်ရှားပြီး ဗမာများနှင့်အတူ ပြည်ထောင်စု တည်ဆောက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်။ 

လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ဟူသမျှကို ဖယ်ရှားပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးကို ဗမာတိုင်းရင်းသား လူမျိုးများနှင့် အတူတကွ လက်တွဲအကောင်အထည်ဖော်ရန် အသင့်ရှိသည် ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆိုလိုက်သည်။

မေလ ၃၀ ရက်နေ့ (ယနေ့) တွင် ကျရောက်သည့် ပထမအကြိမ် စစ်ကိုင်းဖိုရမ် တစ်နှစ်ပြည့် အခမ်းအနားသို့ ပေး ပို့သည့် သဝဏ်လွှာထဲတွင် KNU က ထည့်သွင်း ပြောဆိုထားခြင်း ဖြစ်သည်။

KNU က တိုင်းရင်းသား လူမျိုးများ တန်းတူ အခွင့်အရေးတို့အား အသိအမှတ်ပြုလေးစား တန်ဖိုးထားကြပြီး အချင်းချင်း လေးစားချစ်ခင်မှုနှင့်အတူ စစ်အာဏာရှင် စနစ်အပါအဝင် မည်သည့် အာဏာရှင် စနစ်မဆို ချုပ် ငြိမ်းခြင်းနှင့် မဟာလူမျိုးကြီးဝါဒကို အဆုံးသတ်စေပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု သစ် တည်ဆောက် ရေးတွင် အတူတကွ လက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့လိုက်ပါသည် ဟု သဝဏ်လွှာထဲတွင် ထည့်သွင်းထားသည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်ရာတွင်လည်း ဗဟိုချုပ်ကိုင်မှုကို အခြေမခံပဲ လုပ်ဆောင်သွားမှသာ ကောင်းမွန်သည့် နိုင်ငံသစ်ဆီကို ရောက်ရှိနိုင်မည်ဟု KNU က ဆိုသည်။

စစ်မှန်သော ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို လိုလားသော ဗမာနိုင်ငံ ရေး အင်အားစုများ ပါဝင်သည့် ဖက်ဒရယ် ယူနစ်အခြေပြု နိုင်ငံရေး လမ်းကြောင်းဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုကို လက်တွေ့ အောက်ခြေမှ ထူထောင်မည့် လုပ်ငန်းစဉ်ဖြင့် ပို၍ ဟန်ချက်ညီသော အာဏာရှင် စနစ် တော်လှန်ရေးနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသည် တူညီသော တက်နှင့် တူညီသော လှေဖြင့် ပိုမို သဟဇာတရှိသော လူအဖွဲ့အစည်းနှင့် ကောင်းမွန်သော နိုင်ငံသစ်သို့ ချီတက်နိုင်မည် ဖြစ်သည် ဟု KNU က ပြောသည်။

ထို့အပြင် စစ်ကိုင်းဖိုရမ်မှ တဆင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုအတွက် မူဝါဒအားဖြင့် နိုင်ငံရေးနှင့် စစ်ရေး နည်းလမ်းအမျိုးမျိုးဖြင့် တိုက်ပွဲဝင်ကြရန် ကရင်အမျိုးသား အ စည်းအရုံး KNU က တိုက်တွန်းသည်။

လက်ရှိ နွေဦးတော်လှန်ရေးသည် စနစ်ပြောင်းလဲရေးအတွက် အဓိက ဦးတည်သည့် တော်လှန်ရေး ဖြစ်သည့် အတွက် စစ်ကိုင်းဖိုရမ်မှသည် ပိုမိုစုစည်းမှုရှိသော၊ ဆွေးနွေးအဖြေရှာသော၊ နားလည်မှု ရှိသော၊ ချိတ်ဆက်မှုရှိ သော၊ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှု ရှိသော၊ စည်းကမ်းရှိသော တော်လှန်ရေး ဖြစ်လာစေရန်နှင့် အောင်မြင် မှုများ ရှိရန် ဆန္ဒပြုသည်ဟု KNU က သဝဏ်လွှာထဲတွင် ရေးသားထားသည်။

ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းရှိ စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များ၊ သပိတ်ကော်မတီများ၊ လူမှုရေး အဖွဲ့များ စသည့် အဖွဲ့များဖြင့် ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်ခဲ့ကြသည်။