လွတ်မြောက် နိုင်ကျဉ်း အများစု ရေရှည် ဆေးကုသမှု ခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်။ 

ကရင်နီပြည်၊ လွိုင်ကော်မြို့ အကျဥ်းထောင်မှ လွတ်လာသည့် နိုင်ငံရေး အကျဥ်းသားများ အားလုံး ကျန်းမာရေး စစ်ဆေးမှုများ ခံယူနေရပြီး အတော်များများမှာ ရေရှည် ဆေးကုသမှုများ လုပ်နေရသည်ဟု နိုင်ငံရေး အကျဥ်း သားဟောင်းများက ပြောသည်။

ထောင်တွင်းနှိပ်စက်မှု၊ ရိုက်နှက်မှု၊ တိုက်ပိတ်ခံရမှု၊ အစာရေစာ ဖြတ်တောက်မှုစသည့် လူ့အခွင့်အရေး ချိုး ဖောက်ခံရမှုများကြောင့် နိုင်ငံရေး အကျဥ်းသားများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေးချို့မှုများ ခံစားနေကြရ သည်။

ထိုသို့ ကျန်းမာရေး ချို့တဲ့မှုများ ခံစားနေရသော်လည်း ထောင်ထဲ၌ ဆေးကုသခွင့်လည်း မပေးခြင်းကြောင့် ပြန် လွတ်လာချိန်၌ ကျန်းမာရေး စစ်ဆေးမှုများကို လုပ်ပြီး ဆေးကုသမှုများ ခံယူနေရခြင်း ဖြစ်သည်ဟု ကရင်နီ နိုင်ငံ ရေး အကျဥ်း သားများအစည်းအရုံး (KPPA) အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

KPPA အဖွဲ့ တာဝန်ရှိသူ ကိုထားဖိုးက ကျန်းမာရေးက ကျနော်တို့ ပြန်ထွက်လာပြီဆိုရင် စစ်တပ်က အကျဥ်း သားတစ်ယောက် ပြန်မလွတ်ခင်တော့ သူတို့ ကြည့်ကောင်းတဲ့ အဆင့်ထိ ဂရုစိုက်တာပေါ့နော်။ ဒါကထုံးစံပဲ။ သို့ပေမဲ့ ကျန်းမာရေးစစ်ဆေးချက်တွေ ပြန်လုပ်ရတယ်။ အဖြစ်များတာက နိုင်ငံရေးအမှုတွေနဲ့ ထောင်ကျနေသူ အများစုကတော့ ရေရှည်ကျန်းမာ ရေးနဲ့ဆိုင် တဲ့ကုသမှုတွေ ဆက်လုပ်ရတယ်ပေါ့နော်။ ဒါတော့ လူတိုင်းနီးပါး ပဲဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့အထိ ကာလအတွင်း ပြန်လွတ်လာသူ နိုင်ငံ ရေး အကျဉ်းသား အယောက် ၂၀၀ ကျော်မှာ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ခဲ့ရသည်ဟု KPPA တာဝန်ရှိသူက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုး ခံခဲ့ရသည့်အပြင် အခြားအမှုများကဲ့သို့ လျှော့ရက်ပေးသော ၄ ဘို့ တစ်ဘို့ (၄ နှစ်စီရင်ချက် ချသူများအား တစ်နှစ်လျှော့ပေါ့ခြင်း) စံနှုန်းကိုလည်း ခံစား ခွင့်မရဘူးဟု ကိုထားဖိုးက ဆက်ပြောသည်။

သူ့ဟာက ထူးခြားမှုတွေနဲ့ပါလာတာ။ တချို့တလေဆိုရင် ခေါင်းပိုင်းဆိုင်ရာမှာ အထူးကုသရတဲ့ ပုံစံတွေရှိ တယ်။ အခုဆိုရင် အစ်မတစ်ယောက်မှာဆိုရင် တကယ်ဆေးရုံတက်ပြီး ခွဲစိတ်ရမယ့် အခြေအနေရှိတယ်။ ကျ နော်တို့ အမှုတွဲတွေမှာဆိုရင်လည်း နှလုံးအားနည်းတဲ့ ပုံစံပေါ့နော်။ အတွင်းပိုင်းဆိုင်ရာမှာ ကုသမှု လုပ်နေရတာ ရှိတယ်ပေါ့နော်။

လွိုင်ကော် အကျဥ်းထောင်မှ လွတ်ရက်စေ့ပြီးနောက် ဇွန်လ ၄ ရက်နေ့တွင် ပြန်လွတ်လာသော အကျဥ်းသား ၆ ဦးထဲတွင် နိုင်ကျဥ်း အမျိုးသမီးတစ်ဦး ပါဝင်သည်ဟု KPPA ၏ စာရင်းများအရ သိရသည်။

ထို့အပြင် လွိုင်ကော်အကျဥ်းထောင်၌လည်း လွှတ်မိန့် မကျသေးသော နိုင်ငံရေး အကျဉ်းသား အယောက်  ၂၀၀ နီးပါးခန့် ကျန်ရှိနေပြီး လတ်တလောတွင် ထောင်ဝင်စာ ပိတ်ခံထားရသည့်အပြင် နေ့စဥ်နှင့်အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြုံနေကြရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောသည်။