မိုးမိတ်ရှိ TNLA တပ်စခန်း တစ်ခုကို စစ်ကောင်စီဗုံးကြဲ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ရဲ့တပ်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ တပ်ဖွဲ့ဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်တာလို့ TNLA က စွပ်စွဲပြောဆိုလိုက်ပါတယ်။