မန္တလေးတိုင်းထဲမှာ စစ်ဆင်ရေး စတင်ပြီဟု NUG ပြော

စစ်ဆင်ရေးကို ရှမ်း-မန်းစစ်ဆင်ရေးလို့ နာမည်ပေးထားပြီး ရှမ်းပြည်မြောက်ပိုင်းနဲ့ဆက်စပ်နေတဲ့ မန္တလေးတိုင်းထဲကိုပါ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ တော်လှန်ရေးအင်အားစုတွေက ထိုးဖောက်ဝင်ရောက်စစ်ဆင်နေတယ်လို့  NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။