တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၂ – ၇ – ၂၄ )

တောင်ကြီးမြို့အဝင်မှာ ရှမ်းပြည်မြောက်ပိုင်းကနေ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ကားတွေကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက တစ်စီးကို ငွေကျပ် ၂ သိန်းကောက်ခံနေပါတယ်။ 

ရခိုင်ပြည် သံတွဲမြို့မှာ ဆန်ဝယ်ယူလို့မရတာကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီက အသစ်ဆောက်လုပ်တဲ့ စာသင်ဆောင်တွေမှာ ဗုံးခိုကျင်းတွေ ထည့်သွင်းဆောက်လုပ်ထားပါတယ်။