ကရင်နီနယ်စပ်မှ ဖယ်ခုံ ဆီးဘူးသို့ သွားသည့် လမ်းပိုင်း မြေပြို၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်။ 

ကရင််နီပြည် နယ်စပ်မှ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာကို သွားသည့် လမ်းပိုင်း၌ မြေပြိုမှုများ ဖြစ် ပေါ်ခဲ့ပြီး လမ်းပျက်စီးသွားသည့်အတွက် သွားလာရေး အခက်အခဲအပြင် အဆိုပါ လမ်းကြောရှိ စစ်ဘေးရှောင် များ၏ စားနပ်ရိက္ခာပိုင်းနှင့် နေထိုင်ရေးအတွက်  စိုးရိမ်နေကြသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် စစ်ဘေးရှောင်များ နေထိုင်သည့်နေရာမှာ မြေကွဲအက်မှုများ ဖြစ်ပေါ်နေပြီး မြေပြိုမှုလည်း အချိန်မရွေး ဖြစ်လာနိုင်သောကြောင့် စိုးရိမ်နေကြရသည်ဟု အဆိုပါ ဒေသရှိ ကျေးလက်လူထု ဖွံ့ဖြိုးရေးအဖွဲ့ တာဝန်ရှိသူ စေတနာ့ဝန်ထမ်း ဦးဖိလစ် က ပြောသည်။

လမ်းဘေးတစ်ကြောမှာ နေတဲ့ စစ်ဘေးရှောင်တွေ လမ်းဘေးမှာနေတဲ့ အခါကြတော့ တချို့နေရာတွေမှာ ဆို ရင် လမ်းဘေးထိ ဒီကွန်ကရစ်အောက်အထိ ပတ်ကြားတွေ အက်သွားတဲ့အခါကြတော့ သူတို့အိမ်တွေ သူတို့ရဲ့ ဘဝတွေ သူတို့ရဲ့ အသက်တွေလည်း စိုးရိမ်စရာရှိတယ်။ ဘာဖြစ်လို့လဲဆို လမ်းပတ်ကြားအက်တဲ့ အထဲမှာ တော် တော်ပါသွားတဲ့ အိမ်တွေ တွေ့ရတယ်။ ဒါပေမယ့် အခုက ပတ်ကြားအက်တဲ့ အဆင့်ပဲ ရှိသေးတာပေါ့နော်။

လတ်တလော လမ်း၏ အနေအထားမှာ လုံးဝပျက်စီး သွားခြင်းမျိုး မဟုတ်သော်လည်း အန္တရာယ် ရှိနေသည့် အတွက် စိုးရိမ်ရသည်ဟု ဦးဖိလစ်က ဆိုသည်။

လမ်းပျက်စီးရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ဦးဖိလစ် က ယခုကဲ့သို့ ဆက်ပြောသည်။

မိုးများတော့ ရေတိုက်စားမှုတွေ ဖြစ်တယ်။ တောင်ပြိုတဲ့အထိ ဖြစ်သွားတယ်ပေါ့နော်။ ဆိုတော့ကြည့်မယ်ဆို ဆီးဘူး လမ်းက ကျောက် အမာခံနည်းတယ်။ တောင်တန်းတွေမှာ ဆိုလို့ရှိရင် မြေသားထုတွေပဲ များတယ်။ အဲ့ ကြောင့်မို့ လမ်းရဲ့ ကြံ့ခိုင်မှု အပိုင်းမှာ ဆိုလို့ရှိရင် မိုးရေနဲ့ပဲ လမ်းပျက်စီးသွားတာ များတယ်ပေါ့နော်။ နောက် ဖြစ်နိုင်တဲ့ အကြောင်းအရင် တစ်ခုကပေါ့နော် လမ်းတစ်ကြော တောင်ယာခင်းတွေပေါ့နော်။ သစ်ပင်တွေ ထူထပ် နေတယ်ဆို သစ်ပင်တွေ ပင်ပေါင်းတွေက အုပ်ပေး မြေကြီးကို ကုတ်တွယ်ထားပေးတဲ့ အပင်တွေက နည်းသွား တဲ့ အခါကြ ဒီလိုမျိုး မြေပြိုမှုတွေ ပိုဖြစ်လာတယ်ပေါ့နော်။

ဆီးဘူးကျေးရွာကို သွားသည့် လမ်းမကြီးက ပိုမိုဆိုရွား ပျက်စီးလာမည်ဆိုပါက အဆိုပါကျေးရွာနေ ဒေသခံများ နှင့် စစ်ဘေးရှောင်များ၏ ကျန်းမာရေး၊ လူမှုစီးပွားရေး၊ စားဝတ်နေရေး အပြင် အရေးပေါ် အခြေအနေအတွက် သွားရေးလာရေးပိုင်း၌ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားနိုင်ခြင်းကြောင့် အခက်အခဲများ ပိုများလာနိုင် သည်ဟု ကျေးလက်လူထု ဖွံ့ဖြိုးရေးအဖွဲ့က ဆိုသည်။

ဦးဖိလစ် က အခုပျက်တဲ့ အခြေအနေက တော်တော် ပြင်ရခက်မဲ့ အနေအထား ကုန်ကျစရိတ်လည်း တော် တော်များမယ့် အနေအထားမှာ ရှိပါတယ်။ နောက်ပြီးတော့ မိုးကလည်း အဆက်မပြတ် တောက်လျောက် ရွာနေတော့ ပြင်ဖို့က ခက်ခဲမယ် လို့ထင်တယ်ဟု ပြောသည်။

ကရင်နီပြည် နယ်စပ်မှ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကို သွားသည့် လမ်းမှာ အာဏာမသိမ်းခင်က အရည် သွေးမှီမှီ တည်ဆောက်ထားခဲ့သော လမ်းဖြစ်ပြီး လွိုင်ကော်မှ တောင်ငူကို ဆက်သွယ်ထားသည့် လမ်း၏ အစိတ် အပိုင်းလည်း ဖြစ်သည်။