အင်းလေးတွင် စစ်မှုထမ်းမလိုက်သည့် ရပ်ကွက်များအား အဓမ္မဝင်ရောက် ဖမ်းဆီးမည်ဟု စစ်တပ် ခြိမ်းခြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့တွင် စစ်မှုထမ်း မလိုက်သည့် ရပ်ကွက်များ အား အဓမ္မဝင်ရောက် ဖမ်းဆီးမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

နန်းပန်မြို့တွင် ဩဂုတ်လ ဒုတိယပတ်အတွင်း အသက် ၃၅ နှစ်အထက် အမျိုးသားများအား တစ်ရပ်ကွက် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန် စစ်ကောင်စီက အမည်ပေါက်ဖြင့် လိုက်လံခေါ်ယူနေခြင်း ဖြစ်သည်။

နန်းပန်မြို့၊ ရပ်ကွက် ၁ တွင် နေထိုင်သူတစ်ဦးက အရင်ကတော့ မဲနှိုက်တာ အခုက မြို့နယ်မှူးအမိန့်နဲ့ တခါ တည်း လာတာ။ ဆေးသမားတွေ ပါတာများတယ်။ ဒီတစ်ခါတော့ သက်ညာမှု မရှိဘူး ကြားတယ် ဟု ပြော သည်။

နှစ်သစ်ကူး သင်္ကြန်ကာလအပြီး စစ်မှုထမ်း အပတ်စဉ် ၂ ခေါ်ယူရာတွင် အိမ်ထောင်တစ်စုလျှင် ကျပ် ၁၆၀,၀၀၀ နှုန်းဖြင့် လူငှားခွင့် ရခဲ့သော်လည်း ယခု အပတ်စဉ် ၅ တွင်မူ စစ်ကောင်စီဖက်မှ ၎င်းတို့ကို ထောက်ခံမည့်လူများ လျော့နည်းလာသဖြင့် အဓမ္မဖမ်းဆီးရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

လတ်တလော နန်းပန်မြို့၊ ရပ်ကွက် ၁ တွင် စစ်မှုထမ်းရန်အတွက် အမျိုးသား ၃ ဦးသာ အမည်ပေါက်ထားသော် လည်း စစ်ကောင်စီက ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) နှင့် ပူးပေါင်းထားသည် ဖြစ်ရာ ၎င်းတို့အတွက်ပါ လူရှာ ပေးနေရသည်ဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများက ပြောသည်။

နီးစပ်သူ တစ်ဦးက “PNA က ကျောက်တစ်လုံးမှာ ထိုင်တယ်လေ။ တစ်ခါတစ်လေ နန်းပန်ဆင်းလာပြီး သူတို့ ဖအေ(စစ်ကောင်စီတပ်)နဲ့ လာတွေ့တယ်။ PNA က လူခက်ခဲလာရင် သူတို့က ရှာပေးရတယ်။ သူတို့က ရှေ့တန်း တူတူ ထွက်နေတော့ ၂ ဖွဲ့လုံးက တူတူပဲ ဟု ပြောသည်။

နန်းပန်မြို့နှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့် သာလေးကျေးရွာတွင်လည်း ဩဂုတ်လ ပထမပတ်အတွင်း မူးယစ် ဆေး သုံးစွဲသူ ၃ ဦးအား စစ်မှုထမ်းအဖြစ် ခေါ်ယူခဲ့ဖူးသည်။

နန်းပန်မြို့သည် နယ်ချဲ့ အင်္ဂလိပ် လက်ထက်ကတည်းက တည်ထောင်ခဲ့သည့် မြို့ဖြစ်ပြီး အိမ်စောင့်အစိုးရ ဗိုလ်ချုပ်နေဝင်း လက်ထက်တွင် ကျေးရွာ ၁၁ ရွာဖြင့် ပြန်လည် ဖွဲ့စည်း၍ ကျေးရွာအုပ်စုအဖြစ် သတ်မှတ်ခဲ့သော် လည်း ၂၀၁၅ ခုနှစ် NLD အစိုးရလက်ထက်တွင် မြို့အဖြစ် ပြန်လည်မြင့်တင်ပေးခဲ့ခြင်း ဖြစ်သည်။