အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရမှု ဒုစစ်ဦးချုပ်၏ ကိုယ်ရေးအရာရှိ အပါအဝင် ၇ ဦးသေဆုံး 

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။

မန္တလေးနန်းတွင်းထဲရှိ စစ်ကောင်စီတပ်၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုန်း ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်သည်။

ဒုစစ်ခေါင်းဆောင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရောက်ရှိနေစဉ် စက်တင်ဘာလ ၃ ရက်နေ့၊ နံနက် ၄ နာရီ ကျော် အချိန်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနှင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 

Brave Warrirors for Myanmar အဖွဲ့မှ တာဝန်ရှိသူက “ကျနော်တို့ ရှော့ဒုံး ၁၀လုံးနဲ့ ပစ်တာ ၇ လုံးကို အောင် မြင်စွာ ပစ်နိုင်ခဲ့ပါတယ်။ စိုးဝင်းကိုယ်တိုင်လည်း ရဟတ်ယာဉ်နဲ့ နေပြည်တော်ကို ချက်ချင်း ပြန်ပြေးသွားတယ် လို့ သိရပါတယ်။ ထိခိုက်မှုက အခုသိထားတာ ထက်ပိုများနိုင်ပါတယ်” ဟု ပြောသည်။

ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ကိုယ်ရေးအရာရှိ (PA) နှင့် အရာရှိ သုံးဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု Brave Warrirors for Myanmar အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ BWM က တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

BWM အဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ ပစ်ခတ်ပြီးချိန်မှာ ရန်သူ စစ်ရှုံးကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်း သမ်းပြီး ပရမ်းပတာ ပြန်ပစ်တာတွေ ရှိပါတယ်။ အဲ့ဒါတွေက အရပ်သား ပြည်သူတွေရဲ့ နေအိမ်နဲ့ ပြည်သူတွေ ကို ထိခိုက်တာမျိုး ရှိပါလိမ့်မယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သတ်၍ မန္တလေးဒေသခံ တစ်ဦးက “ကြားတယ်၊ မနက် ၄ နာရီလောက်မှာ နှစ်ချက်ကတော့ ကောင်းကောင်း ကြားလိုက်တယ်။ အခုထိတော့ သေချာ အသေးစိတ်မသိရဘူး” ဟု ပြော သည်။

ထိုသို့ ပစ်ခံရပြီးနောက် မန္တလေးနန်းတွင်း အဝင်အထွက် အားလုံးကို ပိတ်ထားပြီး စစ်ကောင်စီတပ်နှင့် နီးစပ် သည့် နေရာများတွင် ပြည်သူများ မနေထိုင်ကြရန်လည်း BWM က သတိပေးထားသည်။

စစ်ကောင်စီတပ်၏ အဓိကကျသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နေရာအား တိုက်ခိုက်ရသည့် အဓိက ရည် ရွယ်ချက်မှာ ‘၁၀၂၇ ရှမ်း-မန်းစစ်ဆင်ရေး’ အား ပူးပေါင်းကူညီပေးချင်သာ ဖြစ်ကြောင်း BWM တာဝန်ရှိ သူက ဆက်ပြောသည်။

“လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ ဆင်နွှဲနေတဲ့ ၁၀၂၇ ရှမ်း-မန်း စစ် ဆင်ရေးကို ပူးပေါင်းကူညီတဲ့ အနေနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ရှမ်းဘက်ကိုက ရမခနဲ့ ထိန်းပြီး မန်းဘက် က လပခနဲ့ အဓိက ထိန်းပါတယ်။ လပခရဲ့ ကွပ်ကဲမှုဧရိယာက ကျယ်ပါတယ်။ သူပြိုရင် အလယ်ပိုင်းတိုင်း သာမက မြောက်ပိုင်းအထိပါ စစ်ရေးအရ သက်ရောက်မှု ကြီးပါတယ်” ဟု ပြောသည်။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် တည်ရှိပြီး တိုင်းစစ်ဌာချုပ်ဖြစ် သည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများဖြစ်သည့် မန္တလေးတိုင်းနှင့် မကွေးတိုင်း တောင်ပိုင်းကို ကာကွယ်ရေး၊ လုံခြုံရေး နှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များအား အဓိတာဝန်ယူရသည့် ဌာနချုပ် ဖြစ်သည်။

လက်ရှိတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အား ဗိုလ်ချုပ်အောင်ခိုင်ဝင်းက တာဝန်ယူထားသည်။