ကရင်နီ ဒုက္ခသည်ပြည်သူများ လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) က ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေး၊ ရေဘေးနှင့် မြေပြိုဘေးသင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးနေသော်လည်း လုံ လောက်မှု မရှိဘဲ လိုအပ်မှုများစွာ ရှိနေဆဲဖြစ်သည်။
IEC က ၃ လ တစ်ကြိမ် သို့မဟုတ် ၂ လ တစ်ကြိမ် စစ်ရှောင် တစ်ဦးကို ဆန် ၂ ပြည်နှုန်းနှင့် လာရောက် ပံ့ပိုးပေးနေ သော်လည်း စားနပ်ရိက္ခာ လိုအပ်မှု ရှိနေဆဲ ဖြစ်သည်ဟု ဖရူဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင် ကူညီ စောင့် ရှောက်ရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“အခု IEC ကတော့ တောက်လျှောက် ဖြန့်ဝေရေးသွားတာကတော့ အရေးပေါ် မျိုးသွားတာတော့ ရှိတယ်ပေါ့ နော။ နောက်တစ်ခြား အလှူရှင်တွေကတော့ သူ့ဟာသူ ဝေနေတာမျိုးတွေတော့ ရှိတာပေါ့နော။ စစ်ရှောင် အခြေအနေကတော့ အဲ့လိုမျိုးရှိတယ်ပေါ့။ IEC မှာ သူတို့ ရိက္ခာ ပြတ်လပ်ကြောင်းတင်တော့ IEC ကလည်း ကွင်း ဆင်းပြီးတော့ ဖြန့်ဝေတာမျိုးတွေ ရှိတယ်”
ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့နယ်၊ ဖရူဆိုမြို့၊ လွိုင်ကော်မြို့၊ ရှားတောမြို့နယ်၊ ဖားဆောင်းမြို့ နယ်နှင့် မယ်စဲ့မြို့နယ်တို့မှာ စစ်ဘေးရှောင်များ အပြင် ရေဘေးနှင့် မြေပြိုဘေး ကြုံတွေ့ခဲ့ရသည့် ကျေးရွာများနှင့် စစ်ရှောင်စခန်းများကို အခြေခံစားနပ်ရိက္ခာနှင့် အမိုးအကာများ ထောက်ပံ့ပေးခဲ့သည်ဟု IEC က နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။
ဇူလိုင်လမှ စက်တင်ဘာလအတွင်း IEC ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည် ထူထောင်ရေးဌာန က စစ်ရှောင်စခန်း (၁၅၅) ခု ရှိ အိမ်ထောင်စု (၉,၆၁၄) စုကို စားနပ်ရိက္ခာနှင့် အမိုးအကာများကို ထောက်ပံ့ပေး နိုင်ခဲ့သည်။
IEC က ထိုကဲ့သို့ ထုတ်ပြန် ပြောဆိုထားသော်လည်း လူသားချင်းစားနာမှု အကူအညီများက ဒီးမော့ဆို အနောက် ဖက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းအချို့ကို အကူအညီများ မရောက်လာသေးဘူးဟု စစ်ဘေးရှောင် အမျိုးသမီးဦး က ပြောသည်။
“IEC လား ဘာမှမရဘူး။ ကျမတို့ဆီမှာ တစ်ခုမှမရဘူး။ တောင်းတာ ၃ ခါရှိပြီ။ ဘာမှ အကြောင်းမပြန်ဘူး။ ဘာတစ်ခုမှလည်း မပြောဘူး။ ဘာမှလည်း မလုပ်ပေးဘူး။ အထူးသဖြင့် ကျမကျောင်းဆောင် ဆောက်ရမယ် ဆိုတဲ့ အချိန်မှာ သူတို့ဆီကနေ စာရေးပြီးတော့ ၂ ခါတင်ပေးတယ်။ သူတို့ဆီကနေ မိုးကာ ၁၈ ပေ ပတ်လည် ၂ ထည်ပဲ ရလာတယ်။ ဆီဖိုးပဲ ကုန်တယ်။ ဘာမှမထူးဘူး။ ပညာရေးရော၊ စားနပ်ရိက္ခာပိုင်းရော တစ်ခါမှ ရောက် မလာဘူး။”
IEC အနေဖြင့် စစ်ဘေးရှောင်များကို သာမက ရေဘေးသင့် ပြည်သူ အယောက် (၁၃,၀၀၀) အတွက် အခြေခံ စားနပ် ရိက္ခာများကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် မြေပြိုမှုကြောင့် အရေးပေါ် အကူအညီ လိုအပ်နေသည့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အမိုး အကာများအပြင် အရေးပေါ် လိုအပ်နေသည့် စက်သုံးဆီကိုလည်း ထောက်ပံ့ပေးခဲ့သည်ဟု IEC က ထုတ်ပြန်ထားသည်။