တနင်္သာရီမြို့နယ်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့က ဓားပြတိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ပြင်ဝန်းကျေးရွာရှိ နေအိမ်တစ်ဆောင်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ဦးက ဓားပြတိုက်ပြီး ဖုန်းနှင့်ငွေသားများ ယူသွားသည်ဟု ရွာသားများက ပြောသည်။
အင်အား ၇၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က ရမ်းဖိုကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကားလမ်းအနီးရှိ တိုက်အိမ်အချို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်၍ ဝင်ရောက် တပ်စွဲနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
ပြင်ဝန်းရွာရှိ ထန်းပင်ကုန်းကို ဆိုင်ကယ်တစ်စီးဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၁၁ နာရီခန့်က
စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး မောင်းဝင်လာပြီးနောက် လင်မယား နှစ်ဦးကို သေနတ်ဖြင့် ချိန်ကာ ဓါးပြ
တိုက်ခဲ့ခြင်း ဖြစ် သည်။
ထို့အပြင် ပါလာသည့် ဓါးဖြင့်လည်း လည်ပင်းကိုထောက်၍ ခြိမ်း ခြောက်ခဲ့သေး သည်ဟု ရွာသားတစ်ဦးက ဆို သည်။
လုယက်ခံရသည့် နေအိမ်မှာ ထန်းပင်ကုန်းတွင် စျေးဆိုင်ဖွင့်ထားသည့် ဦးဖေချစ် ဆိုသူ၏ နေအိမ်ဖြစ်ပြီး ဓားပြ တိုက် လုယက်မှု မဖြစ်ခင် နံနက် ၉ နာရီအချိန်ခန့်ကလည်း စစ်ကောင်စီတပ်သား ၁ ဦး စျေးလာဝယ်ကာ ပိုက်ဆံမရှင်းဘဲ ထွက်သွားခဲ့သေးသည်။
အသက် ၅၀ ခန့်အရွယ် ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးက “ညဖက် ဓါးပြလာတိုက်တဲ့ ၂ ဦးအထဲမှာ မနက် ပိုင်းက ဆိုင်မှာ စျေးလာဝယ်ပြီး ပိုက်ဆံ မရှင်းပေးခဲ့ စစ်သားတစ်ယောက် ပါလာတယ်၊ သေနတ် တစ်လက်နဲ့ ဓါးတစ်လက်ပါတယ်၊ သေနတ်နဲ့ချိန်ပြီး ဓါးနဲ့ ထောက် တာပေါ့၊ ဖုန်း ၂လုံးနဲ့ ငွေသား ၃ သိန်း ယူ သွားတယ်၊ ဆိုင်မှာ ရှိတဲ့ အချိုရည်ဘူးတွေကို ပါယူသွားတယ်” ဟု ပြောသည်။
ရမ်းဖိုကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က အနီးတဝိုက်ရှိ ကျေးရွာများတွင် ရွာသားများထံမှ ဓား
ပြတိုက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ရွာသားများက ဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့က ရမ်းဖိုကျေးရွာမှ စစ်မရှောင်ဘဲ ကျန်ရစ်ခဲ့သော လူနေအိမ်တစ်ဆောင်၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့ ရောက်ရှိလာပြီး ဖုန်း ၂ လုံးနှင့် ငွေကျပ်သုံးသိန်းခွဲကို ပထမအကြိမ် ဓားပြတိုက်ယူခဲ့သေးသည်ဟု ရွာသားများက ဆိုသည်။
ထိုနည်းအတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ရမ်းဖိုကျေးရွာ၌ပင် နောက်ထပ် လူနေအိမ် ၂ ဆောင် ဓားပြတိုက် ခံခဲ့ရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖုန်း ၂ လုံးနှင့် ဓာတ်ဆီတစ်ပေပါ ယူသွားခဲ့သေးကြောင်း ရွာသားတစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ဆိုင်ကယ်နှင့် ဖြတ်သွားသည့် ရမ်းဖိုကျေးရွာသား တစ်ဦးထံမှ ဖုန်း ၁ လုံးနှင့် ငွေကျပ် ၇၀,၀၀၀ ကို လုယက်ခဲ့သေးသည်။
တနင်္သာရီတိုင်းအတွင်းရှိ လောင်းလုံးနှင့် သရက်ချောင်း မြို့နယ်များတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာ သားများ၏ နေအိမ်များတွင် ဓားပြဝင်တိုက်သည့် ဖြစ်စဥ်များ ရှိခဲ့ဖူးသည်။