လွိုင်ကော်တွင် မိုင်းအန္တရာယ် ရှိနေသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။
ကရင်နီပြည်၊ လွိုင်ကော်တွင် မြေမြုပ်မိုင်းကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ရှိလာသည်ဟု လွိုင်ကော်မြို့ ခံများက ပြောသည်။
လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်တွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ပစ္စည်းပြန်သယ်ယူသည့် သက်ကြီးပိုင်း အမျိုး သားတစ်ဦးမှာ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း မြို့ခံများ က ပြောသည်။
လွိုင်ကော်ဒေသခံ အမျိုးသား တစ်ဦးက က “သူတို့မသွားခိုင်းတဲ့ နေရာသွားလို့ အဆင်မပြေဘူး သွားရင် ဖြစ် လာရင် သူတို့တာဝန်လည်း မယူပေးဘူး မသွားခိုင်းတဲ့နေရာ သူတို့ကန့်သတ်ထားတဲ့ နေရာသွားရင် အဆင်မပြေ ဘူး။ ကန့်သတ်ထားတဲ့နေရာ သူတို့ခွင့်ပြုချက်နဲ့ ဝင်တာတောင်မှ ထိခိုက်မိတာရှိတာပဲ။ ဟိုတစ်ရက်က ပစ္စည်း သွားသယ်တဲ့ သူဆိုအဲလိုပဲလေ ကြားတာက တော့ပြန်ထွက်တဲ့အချိန် သူပစ္စည်းတစ်ခု သွားယူတာ နင်းမိတာ ပွဲချင်းပြီးပြောတာပဲ ဘူးရယ်တဲ့ ဒီဒေါနိုးကူးထဲက” ဟု ပြောသည်။
ထို့အတူ နိုဝင်ဘာလလယ်ပိုင်းတွင် နောင်ယား (ခ) ရပ်ကွက်ရှိ ရွှေနှင်းဆီကော်ဖီဆိုင်မှ အမျိုးသားတစ်ဦးသည် လည်း အုန်းသီးကောက်ရန် နေအိမ်အနီး လမ်းကြားသို့ ဝင်သွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး နေရာတွင်ပင် သေဆုံးခဲ့ သည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
ကရင်နီပြည်၏ မြို့တော် လွိုင်ကော်မြို့အား စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်လိုက်သည့် ဇွန်လ နောက်ပိုင်းမှ စတင်၍ ယနေ့အချိန်ထိ ဒေသခံများ မြေမြုပ်မိုင်းနင်းမိသည့် ဖြစ်စဉ်များ ရှိနေပြီး ထိခိုက်ဒဏ်ရာရမှုများနှင့် အတူ အသက်ဆုံးရှုံးမှုများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ သို့သော် စာရင်းအတိအကျကိုမူ မသိရ သေးဘူးဟု ဒေသခံများက ဆိုသည်။
မြေမြုပ်မိုင်း နင်းမိသူများသည် စစ်ကောင်စီတပ်မှ ပြန်လည်နေထိုင်ခွင့်ပြုထားပြီး မိုင်းရှင်းလင်းပြီးသော နေရာ များ၌ပင် နင်းမိကြသည်ဟု လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးမှ ပြောသည်။
စစ်ကောင်စီတပ်သားများသည် တိုက်ပွဲအတွင်း ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများအား ကိုယ်တိုင် ပြန်ရှင်းနေကြ ပြီး တပ်အရွှေ့အပြောင်းများကြောင့် ရှင်းလင်းရန် ကျန်ခဲ့သည့် နေရာများလည်း ရှိနေသည်ဟု လွိုင်ကော် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“လူနေရင် ရှင်းပေးတယ် လူနေမယ် ဘာညာဆိုရင်တော့ ဒီနေရာ ဒီဒေသမှာ သူတို့ထောင်ထားတာရှိရင် လိုက် ရှင်းပေးတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့က ပြောင်းလဲနေတာ ဆိုတော့ တစ်ဖွဲ့ထောင်ခဲ့တဲ့ဟာကို တစ်ဖွဲ့ကလည်း မသိ။ သူတို့စက်နဲ့ စမ်းမိသလောက် သူတို့ ရှင်းတယ် ရှာတယ်။ ကျန်ခဲ့တဲ့ဟာလည်း ကျန်ခဲ့တာ ရှိမှာပေါ့။”
တစ်လေးလုံး စစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေး တပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့သော မြို့ပေါ်ရပ်ကွက် များ ဖြစ်သည့် မိုင်းလုံး၊ နောင်ယား (က)၊ နောင်ယား (ခ)၊ ဒေါဥခူ၊ နာနတ်တောနှင့် ဘာဒိုကျေးရွာ၊ ထေးငါးလျား ကျေးရွာတို့ အပြင် လွိုင်ကော်မြို့ မြောက်ဘက်တစ်ခြမ်းလုံးနီးပါးနှင့် စစ်ကောင်စီ တပ်စွဲခဲ့သော နေရာများတွင် မြေမြုပ်မိုင်း အများအပြား ထောင်ထားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိအချိန်တွင် နေအိမ်သို့ ပြန်လည် နေထိုင်မည်ဆိုမှသာ မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးပြီး ကျန်နေရာ များတွင် မြေမြုပ်မိုင်း မရှင်းလင်းနိုင်သေးဘဲ ရှိနေသည်ဟု ဒေသခံများမှဆိုသည်။
စစ်ကောင်စီတပ်မှ မြေမြုပ်မိုင်း ရှင်းလင်းမှုများ လုပ်ပေးနေသော်လည်း လွတ်လပ်စွာ သွားလာ၍ မရသေးဟု ရှမ်းပြည်တွင် စစ်ဘေးရှောင်ပြီးနေအိမ်သို့ ပြန်လာနေထိုင်သော လွိုင်ကော် ဒေသခံ အမျိုးသမီးတစ်ဦးက ပြော သည်။
“သူတို့စက်နဲ့ လုပ်တယ်လေ မိုင်းရှာလား ဘာလဲ တီ တီ တီ နဲ့ တော့ လုပ်တာပဲ။ အမေ မြေကြီးပေါ် မနင်းနဲ့ နော်တဲ့။ ကွန်ကရစ်ပေါ်မှာပဲ သွားပေါ့။”
လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် ပြန်လည်နေထိုင်လိုသော ဒေသခံများသည် လွိုင်ကော်မြို့နယ် စီမံအုပ်ချုပ် ရေးရုံးတွင် စာရင်းပေးသွင်းပြီး ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်သည်ဟု စစ်ကောင်စီမှ နိုဝင်ဘာလအတွင်း ကြော်ငြာ စာ များ လူနေရပ်ကွက်များအတွင်း လိုက်လံ ကပ်ထားပြီး အသိပေးထားသည်ဟု ဒေသခံများမှ ပြောသည်။
လက်ရှိတွင် လွိုင်ကော်ဒေသခံ ထက်ဝက်နီးပါးမှာ မြို့တွင်း၌ ပြန်လည် ဝင်ရောက်နေထိုင်နေကြပြီး အများစုမှာ အခြေခံလူတန်းစားနှင့် ဝန်ထမ်းများ ဖြစ်သည်။
ဓါတ်ပုံ – (Crd) ဇွန်လနောက်ပိုင်း စစ်ကောင်စီက လွိုင်ကော်မြို့အား ထိန်းချုပ်ပြီးနောက် အခြေအနေပုံ